Odd News: တီဗွီဟောင်းတွေကို ပါကတ်စ်ရှင်းအဖြစ် ပြောင်းတဲ့ ဂျပန်အနုပညာရှင်

ပါကတ်စ်ရှင်းကိုတော့ အသက် ၄ နှစ်သားကတည်းက လေ့လာခဲ့တာဖြစ်ပါတယ်။

play

 

ဂျပန်က ဂီတအနုပညာရှင် အီဝါဒါဟာ တီဗွီဟောင်းတွေကို ပါကတ်စ်ရှင်း အဖြစ်ပြုလုပ်တီးခတ်ရာက ကမ္ဘာမှာနာမည်ကျော်လျက်ရှိပါတယ်။  ဝါဒါဟာ တက္ကသိုလ်တက်စဉ်ကတည်း သမားရိုးကျမဟုတ်တဲ့ ဂီတကိရိယာတွေကို စိတ်ဝင်စားပြီး ပါကတ်စ်ရှင်းကိုတော့ အသက် ၄ နှစ်သားကတည်းက လေ့လာခဲ့တာဖြစ်ပါတယ်။

တက္ကသိုလ်မှာ  သူ့လို စိတ်ဝင်စားတဲ့ အခြားလူသုံးယောက်နဲ့ပေါင်းပြီး အဖွဲ့တစ်ဖွဲ့ ဖွဲ့ကာ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးမှာ တီဗွီအဟောင်းတွေကို အသုံးပြုတီးခတ်တဲ့နည်းကို သဘောတွေ့ခဲ့ပြီး အခုဆိုရင် ဝါဒါရဲ့  Braun Tube ဂီတအဖွဲ့ဟာ ကမ္ဘာတစ်ဝန်းမှာ လိုက်လံဖျော်ဖြေနေပါပြီ။

Photos & Source: VICE Motherboard, Kill Screen

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ