Odd News: အဘိုးအိုတစ်ယောက်ကို ကူညီဖို့ အာလူး ၃၂ တန်ကို တစ်ရက်တည်းဝယ်ဖို့ ကြိုးစားတဲ့ မြို့

ရှိတဲ့ အာလူးတွေအကုန်လုံးကို လမ်းဘေးမှာပဲ ချရောင်းရတာ ဖြစ်ပါတယ်။

play

 

တရုတ်နိုင်ငံတောင်ပိုင်း ရှင်ကျန်မြို့မှာ နေထိုင်သူလူအချို့ဟာ အဘိုးအိုတစ်ဦး ရောင်းချတဲ့ အာလူးတန်ချိန် ၃၂ တန်ကို အကုန်ဝယ်ဖို့ ကြိုးစားခဲ့ကြပါတယ်။

play

 

Qinghai ပြည်နယ်က အသက် ၆၀ အရွယ် အာလူးစိုက်တဲ့ အဘိုးအို တစ်ဦးကို ကုန်သည်တစ်ဦးက ဈေးကောင်းပေးမယ်လို့ ပြောပြီး အာလူးတွေကို အကုန်သယ်လာခိုင်းတာ ဖြစ်ပါတယ်။ မားလို့ အမည်ရတဲ့ အဆိုပါ အဘိုးအိုဟာ သူ့မှာ ရှိတဲ့ အာလူးတွေ အကုန်လုံးကို တကယ်သယ်လာတဲ့အခါ မယူနိုင်တော့ကြောင်း ပြောခဲ့တာ ဖြစ်ပါတယ်။ အဘိုးအိုဟာ ကြံရာမရဖြစ်ပြီး ရှိတဲ့ အာလူးတွေအကုန်လုံးကို လမ်းဘေးမှာပဲ ချရောင်းရပါတယ်။

play

 

 ဒါပေမဲ့ အာလူးတန်ချိန် ၃၂ တန်တောင် ရှိတာကြောင့် သူ့အနေနဲ့ ရောင်းလို့ မလွယ်ဘူးဖြစ်နေပါတယ်။ နောက်ဆုံး ပြန်ဖို့ လုပ်တဲ့အခါမှာ သူ့အကြောင်းနဲ့ ဓာတ်ပုံတွေဟာ တရုတ်ဆိုရှယ်မီဒီယာတွေမှာ ပျံ့န့်နှံ့သွားပြီး လူပေါင်းများစွာက သူ့အာလူးတွေကို လာရောက်ဝယ်ယူခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အခုဆိုရင် ၃၂ တန်လုံး ကုန်သွားတာကြောင့် အဘိုးအို မားဟာ အိမ်ပြန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Photos & Source: Next Shark

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ