Odd News: အာကသထဲ အိမ်သာတက်နည်း တီထွင်ပေးနိုင်သူကို ဒေါ်လာသုံးသောင်းထိ နာဆာပေးမယ်

ဒီဇင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားတင်ပြနိုင်ကာ ဒေါ်လာသုံးသောင်းထိပေးမယ်လို့ ကမ်းလှမ်ထားပါတယ်။

play

 

အာကာသယာဉ်မှူးတွေဟာ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး နည်းပညာတွေကို အသုံးပြုနေရတာဖြစ်ပေမဲ့ မစင်စွန့်ခြင်းနဲ့ပတ်သက်လို့ကတော့ ကလေးတွေသုံးတဲ့ မစင်စွန့် အောက်ခံအဝတ်မျိုးကို သုံးနေရပါတယ်။

အဆင့်မြင့် စွန့်ပစ်စနစ်မျိုးရှိပေမဲ့ ဒီစနစ်ကို အာကသဝတ်စုံချွတ်ထားမှ အသုံးပြုနိုင်တာကြောင့် အာကသယာဉ်လွှတ်တင်ခြင်း၊ ဆိုက်ကပ်ခြင်းနဲ့ အရေးပေါ်ကိစ္စတွေမှာ သက်သောင့်သက်သာ မရှိတဲ့ မစင်စွန့်ပစ်အောက်ခံအဝတ်မျိုးကို ဝတ်ရပါတယ်။

ဒါပေမဲ့ မစင်နဲ့ လူဟာ နာရီပိုင်းကြာအောင် အတူကပ်လျက်ရှိနေခြင်းဟာ မလိုလားအပ်တဲ့ ပိုးမွှားကူးစက်မှုတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ ဒီပြဿနာကို နာဆာက ဖြေရှင်းဖို့ ကြိုးစားနေပြီး ဖြေရှင်းနိုင်တဲ့ အကြံဉာဏ်အိုင်ဒီယာရှိရင် ဒီဇင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားတင်ပြနိုင်ကာ ဒေါ်လာသုံးသောင်းထိပေးမယ်လို့ ကမ်းလှမ်ထားပါတယ်။

 ဒါပေမဲ့ တင်ပြလိုသူတွေ သတိထားရမယ့် အချက်တွေက လေထုဖိအားမရှိတာ၊ ပိုးမွှားကူးစက်မှုတွေကို ဖြစ်ပွားနိုင်ခြေရှိတာ၊ လက်အသုံးမပြုဘဲ စွန့်ပစ်နိုင်တဲ့ စနစ်ဖြစ်ရမှာနဲ့ စတဲ့အခက်အခဲတွေဖြစ်ပါတယ်။

Photos & Source: Space.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ