Odd News: ဖိနပ်အစစ်ထက် ဈေးကြီးတဲ့ ချောကလက် ရှုးဖိနပ်

တစ်စုံကို ဒေါ်လာ ၂၅၈၄၅  ကျသင့်ပါမယ်။

play

 

ချုပ်ရိုးသား၊ ဖိနပ်ကြိုး၊ ကြိုးပေါက် စတဲ့ အသေးစိတ်ထိ ချောကလက်နဲ့ပြုလုပ်ထားတဲ့ ချောကလက်ဖိနပ်တွေ ဖြစ်ပါတယ်။ သာမန်ရှူးဖိနပ်တွေထက် ဈေးကြီးတဲ့ အဆိုပါ ချောကလက်ဖိနပ်တွေကို ဂျပန်နိုင်ငံ အိုဆာကာ မြို့က ချောကလက်အထူးကျွမ်းကျင်သူ မိုတိုဟီရိုဟိုကိုင်းက ပြုလုပ်ထားတာ ဖြစ်ပါတယ်။

play

 

အရှည်က ၁၀ လက်မ ကျော်ကျော်လောက်ရှိပြီး  ချောကလက်နဲ့ပဲ သီးသန့်ပြုလုပ်ထားတာပါ။   Gentleman’s Radiance လို့အမည်ရတဲ့ အဆိုပါ ချောကလက်ဖိနပ်တွေကို အညိုရင့်၊ အညိုပျော့နဲ့ နီညိုဆိုပြီး သုံးမျိုးရနိုင်ပါတယ်။

play

 

တစ်စုံကိုတော့ ဒေါ်လာ ၂၅၈၄၅  ကျသင့်ပြီး ဝယ်မယ်ဆို ကိုးစုံ မှာယူရမှာ ဖြစ်ပါတယ်။

Photos & Source:  RocketNews24

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ