Odd News: မျက်နှာကို ပိုးမွှားပြေး ဆေးဘူးနဲ့ ဖြန်းပြီး ရောဂါတွေ ကုသပေးနေတဲ့ တောင်အာဖရိကမှ ဘုန်းကြီး

ကင်ဆာ၊ အိပ်ခ်ျအိုင်ဗွီ စတာတွေထိ ကုသပေးနေတာဖြစ်ပါတယ်။

play

 

တောင်အာဖရိကမှ ဘုန်းကြီးတစ်ပါးဟာ ပိုးမွှားပြေးတဲ့ စပရေးဘူးတွေကို သုံးပြီး လူတွေကို ကုသမှုတွေ ပြုလုပ်ပေးနေပါတယ်။

play

 

နာမကျန်းဖျားနာမှုတွေနဲ့ အခြားပြဿနာအမျိုးမျိုးအတွက် မျက်နှာကို စပရေးဘူးဖြန်း ကုသပေးနေတာဖြစ်ပြီး သူ့အကြောင်းကို တောင်အာဖရိက သတင်းဌာနတွေက ဖော်ပြခဲ့ရာကနေ ကမ္ဘာက သိရှိလာခဲ့တာ ဖြစ်ပါတယ်။

play

 

ဘုန်းတော်ကြီး ရီသီဘိုရာဘာလာဂိုဟာ တောင်အာဖရိကနိုင်ငံ လင်ပိုပို ပြည်နယ်ကဖြစ်ပြီး ဒီလို ဖြန်းပက်ကုသခြင်းဟာ နည်းလမ်းတစ်ခုသာဖြစ်ကာ မကောင်းဆိုးဝါးတွေကို ထိန်းချုပ်နိုင်တဲ့ ပါဝါရှိတာကြောင့် ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းဖို့ အဆိုပါမကောင်းဆိုးဝါးတွေကို ပြောကြားတာ ဖြစ်တယ်လို့ ရီသီဘိုက ပြောထားပါတယ်။

play

 

ကင်ဆာ၊ အိပ်ခ်ျအိုင်ဗွီ စတာတွေထိ ကုသပေးနေတာဖြစ်ပြီး ရိုးရိုးရေအစား ဆေးဘူးသုံးရခြင်းဟာ ဘုရားသခင်က သုံးဖို့ ပြောတာကြောင့်လို့ ဆိုပါတယ်။ သူ့ရဲ့ကုသမှုကြောင့် ဆိုးကျိုးတွေ ဖြစ်ပွားခဲ့တယ်လို့ ပြောကြားမှုတွေလည်း ရှိနေပြီး ယုံကြည်သူတွေကလည်း အမြောက်အများရှိနေတာ ဖြစ်ပါတယ်။

Photos & Source: enca, Times Live, Mount Zion General Assembly/Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ