Odd News: သန့်စင်ခန်း ရေပိုက်ထဲက ထွက်လာတဲ့ မြွေဟောက်ကြောင့် အထိတ်တလန့် ဖြစ်ကြရ

မြွေဖမ်းဆရာ ခေါ်ပြီးထုတ်ရတဲ့အထိ မြွေဟောက်ဟာ ကြီးမားသန်မာတယ်လို့ သိရပါတယ်။

play

ကံကောင်းလှတဲ့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းသန့်စင်ခန်း အိမ်သာအတွင်း ဝင်နေတဲ့ မြွေဟောက်တစ်ကောင်ကို အချိန်မီ ရှင်းထုတ်လိုက်နိုင်ခဲ့ပါတယ်။

ဗီဒီယိုဖိုင်မြင်ကွင်းအရ ကြီးမားလှတဲ့ မြွေဟောက်ကြီးကို အိမ်သာကမုတ်ခွက်ထဲကနေ အပြင်ကို ထုတ်ဖို့ ကြိုးစားခဲ့ကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ သန့်စင်ခန် ရေပိုက်အတွင်းမှာ နေထိုင်နေခဲ့တဲ့ အဆိုပါမြွေဟာ  အိမ်သာပိုက်ထဲကိုသာ ပြန်ဝင်ဖို့ အကြိမ်ကြိမ် ကြိုးစားနေခဲ့ပါသေးတယ်။ တောင်အာဖရိကနိုင်ငံ ပရက်တိုးရီယား အရှေ့ပိုင်းအရပ်က တိုက်ခန်းတွဲတစ်ရဲ့ အိမ်ခန်းတစ်ခန်းအတွင်း ဒီကြောက်စရာ ဖြစ်ရပ်ကြုံခဲ့တာဖြစ်ပါတယ။်

play

 

တိုက်ခန်းအတွင်း နေထိုင်သူတွေဟာ အိမ်သာကမုတ်ခွက်ထဲရှိနေတဲ့မြွေကို ကိုယ်တိုင် မထုတ်နိုင်ခဲ့တဲ့အတွက် မြေဖမ်းဆရာ ဘယ်ရီကို ခေါ်ပြီး  ဖမ်းခဲ့ရပါတယ်။ " ကျွန်တော်ဒီမြို့မှာ ဖမ်းခဲ့သမျှ မြွေတွေထဲမှာတော့ ဒီမြွေက အတော်လေး အကောင်ကြီးတယ်လို့ ပြောလို့ရတယ်။ သန်လည်းသန်တယ်" လို့ မြွေဖမ်းဆရာ ဘယ်ရီက News24 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

Souruce : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ