Odd News: ကျောင်းသားတွေအတွက် တန်ဖိုးနည်း ရေပေါ်ကွန်တိန်နာ အိမ်

တက္ကသိုလ်တက်မယ့် သူ့သားအတွက် နေရာရှာပေးရာကနေ အခက်အခဲတွေရှိတာကို သိခဲ့ပါတယ်။

play

 

ဒိန်းမတ်ကုမ္ပဏီတစ်ခုဟာ ကျောင်းသားတွေအတွက် တန်ဖိုးနည်းနည်းနဲ့ နေနိုင်ဖို့ ကွန်တိန်နာပုံးတွေနဲ့ ပြုလုပ်ထားတဲ့ ဒီဇိုင်းတွေကို ဖန်တီးလိုက်ပါတယ်။ တခြားတန်ဖိုးနည်း ကွန်တိန်နာပုံးအိမ်တွေနဲ့ မတူတာကတော့ ရေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။

play

 

ဗိသုကာနဲ့ အိမ်ရာဆောက်လုပ်ရေးကုမ္ပဏီ  Urban Rigger ဟာ ကိုပင်ဟေဂင်မြို့မှာ လေ့လာနေတဲ့ ကျောင်းသားတွေအတွက် နေထိုင်မှုကုန်ကျစရိတ်နဲ့ပတ်သက်ပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့ ဆောက်လုပ်ပေးတာဖြစ်ပြီး အဖိုးအခ အလွန်သက်သာတယ်လို့ သိရပါတယ်။

play

 

Urban Rigger ကုမ္ပဏီကို တွဲဖက်တည်ထောင်သူ ကင်လောက်ရပ်ဟာ တက္ကသိုလ်တက်မယ့် သူ့သားအတွက်နေရာရှာပေးရာကနေ အခက်အခဲတွေရှိတာကို သိခဲ့ပြီး အခုလို တည်ဆောက်ဖို့ အကြံဉာဏ်ရလာခဲ့တာ ဖြစ်ပါတယ်။

play

 

 ဥရောပမြို့တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းဟာ တက္ကသိုလ်တွေကို မြို့လယ်နဲ့ နီးတဲ့နေရာမှာ ထားတာကြောင့် သူတို့ ကွန်တိန်နာအိမ်တွေကို မြို့လယ်နဲ့လည်း နီး၊ ဈေးလည်း ပေါဖို့အတွက် ရေပေါ်မှာ ပေါလောမျောနေအောင် တည်ဆောက်ဖို့ အကြံဉာဏ်ရခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photos & Source:  Digital Trends, Quartz

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ