Odd News: ဆက်စီကျတဲ့ ဆိုင်ရှင်ကြောင့် လူတွေကြိတ်ကြိတ်တိုးတဲ့ ထိုင်ဝမ်အကင်ဆိုင်

, updated

သူမဟာ မော်ဒယ်လုပ်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ထိုင်ဝမ်နိုင်ငံ လမ်းမဘေးတစ်နေရာက အသားကင်ဆိုင်တစ်ဆိုင်ဟာ နေ့စဉ်အမျိုးသားဧည့်သည်များစွာနဲ့ လူစည်ကားလျက်ရှိပါတယ်။ အကြောင်းကတော့ အကင်ရောင်းချတဲ့ ဆိုင်ရှင်ကြောင့် ဖြစ်ပါတယ်။

play

 

အဆိုပါ အကင်ဆိုင်ကိုဖွင့်လှစ်ရောင်ချနေတဲ့ အမျိုးသမီးဟာ သူ့ရဲ့ဆိုင် ရောင်းအား ပိုတက်လာစေဖို့အတွက်သူ့ကိုယ်သူ မော်ဒယ်တစ်ဦးအဖြစ် အသုံးချဖို့ ဆုံးဖြတ်ခဲ့တာပါ။ သူမကိုယ်တိုင်လည်း ဒီဆိုင်မဖွင့်ခင်က မော်ဒယ်အဖြစ် ရပ်တည်ခဲ့ဖူးသူဖြစ်ပါတယ်။

play

 

အထူးသဖြင့် အကင်ဆိုင်မှာ အစားအသောက်တွေချက်ပြုတ်ရောင်းချနေစဉ် သူမဝတ်ဆင်တဲ့ အဝတ်အစားတွေကြောင့် ဖောက်သည်တွေပိုများနေတာဖြစ်တယ်လို့ လူမှုကွန်ရက်မှာ မှတ်ချက်ပေးနေကြပါတယ်။

play

 

ထိုင်ဝမ်လူမှုကွန်ရက်မှာတော့ သူမရဲ့အကြောင်းဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း နာမည်ကျော်လာတာဖြစ်ပါတယ်။ ဒီဆိုင်ကို တကယ်မရောက်ဖူးသူ အချို့ကတော့ သူမဟာ ဆိုင်ရှေ့မှာ သက်သက်ကိုယ်ဟန်ပြထားသူ တစ်ဦးဖြစ်ပြီး တကယ်ရောင်းချနေတဲ့သူမဟုတ်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။

play

 

ဒါပေမဲ့ ဒီဆိုင်ကို တကယ်ရောက်သွားသူတွေကတော့ သူမဟာ ဆိုင်ရှင်အစစ်၊ တကယ့်ဈေးသည်တစ်ယောက်ဖြစ်ကြောင်း ဟင်းပွဲချက်ပြုတ်နေတဲ့ပုံတွေနဲ့တကွ သက်သေပြထားပါတယ်။ အထူးခြားဆုံးကတော့ သူမဟာ ဈေးရောင်းတဲ့ ဘီကီနီကိုတောင်ဝတ်လေ့ရှိသလို ခန္ဓာကိုယ်အလှကို အသားပေးတဲ့ ဝတ်စုံတွေဝတ်ပြီး ရောင်းချတာကြောင့် ဖြစ်ပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ