AD
AD
AD
play

 

အရွယ်မရောက်သေးတဲ့ ခြင်္သေ့ပေါက်တွေအနားကို ကပ်ဖို့ ကြိုးစားခဲ့တဲ့ ခြသေ့င်္ထီးကြီးတစ်ကောင်ဟာ မိခင်ခြင်္သေ့မကြီးရဲ့ ရက်ရက်စက်စက်တိုက်ခိုက်မှုကို ခံလိုက်ရပါတယ်။

play

 

ခြင်္သေ့ထီးနဲ့ ခြင်္သေ့မ အင်အားမမျှဘူးလို့ ထင်စရာရှိပေမဲ့ သားသမီးစိတ်ကြောင့် သာမန်ထက်အင်အားပိုရှိနေတဲ့ ခြင်္သေ့မကြီးဟာ အကောင်ထွားထွားခြင်္သေ့ကြီးကို တိုက်ခိုက်မောင်းထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။ ခြင်္သေ့မရဲ့ တိုက်ခိုက်မှုကြောင့် ခြင်္သေ့ထီးဟာ ကြီးမားတဲ့ အစွယ်တစ်ချောင်း ကျိုးသွားတဲ့အထိ ဒဏ်ရာရသွားခဲ့ကြောင်း သိရပါတယ်။

play

ခြင်္သေ့နှစ်ကောင် တိုက်ခိုက်ခဲ့ကြတဲ့ ဓာတ်ပုံတွေကို တောင်အာဖရိက အမျိုးသားဘေးမဲ့ဥယျာဉ်က မန်နေဂျာ ရှားလော့တ်ဝက်ဆဲလ် ကိုယ်တိုင်ရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ "သူတို့တိုက်ခိုက်ကြတဲ့ ပုံစံဟာ ဘယ်လောက်ပြင်းထန်ပြီးအသံကျယ်သလဲဆိုတာ ကျွန်မ ရှင်းတောင်မပြတတ်ဘူး" လို့ ရှားလော့တ်က ပြန်ပြောပြပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD