AD
AD
AD
play

 

ကရာကတ်ကြောင်ဟာ ကမ္ဘာပေါ်မှာ အရှားဆုံးနဲ့ ဈေးအကြီးဆုံးကြောင်မျိုးဖြစ်ပြီး တစ်ကောင်ကို အမေရိကန်ဒေါ်လာ ၂၃၄၀၀ ခန့်ရှိပါတယ်။

အဆိုပါကြောင်တွေဟာ ရှေးကျတဲ့ ကြောင်မျိုးရိုးဖြစ်ပြီး ရှေးဟောင်းအီဂျစ်တွေရဲ့ အမှတ်တံဆိပ်ဖြစ်ကာ ဖာရိုဘုရင်တွေနဲ့ အတူမြှပ်နှံလေ့ရှိပါတယ်။ ရှေးခေတ်က တရုတ်အင်ပါယာဘုရင်တွေဟာ အဆိုပါကြောင်တွေကို လက်ဆောင်အဖြစ်ပေးလေ့ရှိတယ်လို့လည်း သိရပါတယ်။

play

 

အရှည် ၁၉.၇ လက်မလောက်ထိ ကြီးထွားနိုင်ပြီး ၁၃ ပေါင်လောက်ထိလည်း အလေးချိန်ရှိပါတယ်။ ကရာကတ်ကြောင်တွေရဲ့ မူလမျိုးရိုးမှာ ထင်ရှားတဲ့နားရွက်တွေရှိပြီး လက်သည်းခြေသည်းတွေကလည်း အလွန်ရှည်ပါတယ်။ ပုံမှန်ကြောင်တွေအော်တာထက် စူးစူးရှရှအော်တတ်ပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ကရာကတ်တွေမှာ အဆိုပါလက္ခဏာတွေ သိပ်မတွေ့ရတော့ဘဲ အချို့ပိုင်ရှင်တွေကလည်း မွေးမြူဖို့အတွက် လက်သည်းတွေကို ညှပ်ပစ်ကြတာ ဖြစ်ပါတယ်။

Photos & Source: Petful, Blog About Cats, Ruptly

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD