Odd News: သခင့်ကျောကိုဖက်ပြီး ဆိုင်ကယ်လိုက်စီးတဲ့ခွေးလေး

လူတစ်ယောက်လိုပါပဲ။

play

 

ဆိုင်ကယ်နောက်မှာ ခြေလေးချောင်းစုရပ်ပြီး လိုက်စီးတတ်တဲ့ ခွေးလေးတွေကို မြင်ဖူးမှာပါ။ ဒီခွေးလေးကတော့ ခြေစုံမရပ်ဘဲ ခြေနှစ်ချောင်းနဲ့ရပ်ကာ လက်နှစ်ဖက်က သခင်ရဲ့ပုခုံးတွေကို ဖက်ကာ ဆိုင်ကယ်လိုက်စီးနိုင်ပါတယ်။ ဒါတင်မက ပါးစပ်မှာလည်း သခင်ရဲ့ထီးလေးကို ကိုက်ကာ လူတစ်ယောက်လို ငြိမ်ငြိမ်လေးထိုင်ပြီး လိုက်နိုင်ပါသေးတယ်။

ဒီခွေးလေးကို ထိုင်းနိုင်ငံ Hat Yai မြို့မှာ တွေ့ခဲ့ရတဲ့ Mai Asanti Chukerd ဆိုသူက ဗီဒီယိုရိုက်ကူးပြီး အင်တာနက်ပေါ်တင်ခဲ့တာပါ။ ခွေးက Golden Retriever အမျိုးအစားဖြစ်ပြီး ကောင်းကောင်းလေ့ကျင့်ပေးထားပုံရတယ်လို့ သူက ပြောပါတယ်။ Golden Retriever ခွေးတွေဟာ အသိဉာဏ်မြင့်မားတဲ့ ခွေးတွေလည်း ဖြစ်ပါတယ်။

Source : Mirror

play
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ