Odd News: မူးပြီးမောင်းရင် သီချင်းဖွင့်ပြီးအပြစ်ပေးမယ့် ကနေဒါရဲတပ်ဖွဲ့

သူတို့အဖွဲ့ရဲ့ ပရိသတ်ဆိုရင်တော့ ကောင်းတာပေါ့။

play

 

ကနေဒါနိုင်ငံ ကန်ဆင်တန်ရဲတပ်ဖွဲ့က အရက်မူးပြီးကားမောင်းသူတွေကို ထူးဆန်းတဲ့ အပြစ်ပေးမှုနဲ့ ပြစ်ဒဏ်ပေးမယ့်အကြောင်း ကြေညာလိုက်ပါတယ်။ မူးပြီးမောင်းတဲ့လူတွေကို ကနေဒါရော့ခ်အဖွဲ့ Nickelback ရဲ့သီချင်းတွေ နားထောင်ခိုင်းမယ်လို့ ဆိုပါတယ်။ ဒီအဖွဲ့ဟာ ကနေဒါနိုင်ငံရဲ့ အသည်းကျော်အဖွဲ့တော့မဟုတ်ပါဘူး။ ဝေဖန်သူတွေ များတဲ့အဖွဲ့ပါ။

မူးပြီးမောင်းနေတာကို ဖမ်းမိရင် ဥပဒေအရအရေးယူကာ ယာဉ်မောင်းခွင့်တစ်နှစ်ပိတ်မယ့်အပြင် အပိုလက်ဆောင်အနေနဲ့ ထောင်ကိုပို့မယ့်အခါ တင်ဆောင်သွားမယ့်သင်္ဘောပေါ်မှာ Nickelback သီချင်း ဖွင့်ပေးသွားမယ်လို့ ကန်ဆင်တန်ရဲတပ်ဖွဲ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။ ခပ်နောက်နောက် ပြည်သူတစ်ဦးကတော့ Nickelback သီချင်းအစား ဂျက်စတင်ဘီဘာရဲ့သီချင်းဖွင့်ရင် ပိုကောင်းမယ်လို့လည်း ဝင်ရေးထားတာ တွေ့ရပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ