Odd News: ပြည့်တန်ဆာရဲ့ ပြန်ပေးဆွဲခံရကြောင်း လုပ်ဇာတ်ဖန်တီးတဲ့ ဖီးယက်ကားကုမ္ပဏီ အမွေဆက်ခံသူ

ဖီးယက်ကုမ္ပဏီပိုင်ရှင် ဂီယာနီအက်ဂ်နီလီရဲ့ မြေးတော်စပ်တဲ့ အီလ်ကန်ဟာ လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play


အီတလီနိုင်ငံမှ အကြီးမားဆုံး မော်တော်ကားကုမ္ပဏီ ဖီးယက်ရဲ့ အမွေဆက်ခံသူ လက်ပိုအီလ်ကန်က ၎င်းပြန်ပေးဆွဲခံရကြောင်း လုပ်ဇာတ်ဖန်တီးခဲ့မှုကြောင့် တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ဖီးယက်ကုမ္ပဏီ အမွေဆက်ခံသူ အီလ်ကန်ဟာ အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ကို ရောက်ရှိနေစဉ် ၎င်းကို ပြည့်တန်ဆာ အမျိုးသမီးက ပြန်ပေးဆွဲထားပြီး ပြန်ပေးရွေးငွေ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ပေးအပ်ရန် မိသားစုထံ ဆက်သွယ်အကြောင်းကြားခဲ့ပါတယ်။


နယူးယော့ခ်မှ စုံစမ်းစစ်ဆေးရေးမှူးတွေက အီလ်ကန်ကို မက်ဟတ်တန်မှာ တွေ့ရှိခဲ့ပြီးနောက် ၎င်းဟာ အရက်နဲ့ မူးယစ်ဆေးတွေ စိတ်ကြိုက်သောက်သုံးခဲ့ရာက ငွေပြတ်သွားတာကြောင့် လုပ်ဇာတ်ဖန်တီးကာ မိသားစုထံ ငွေလှမ်းတောင်းခဲ့တာဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

ဖီးယက်ကုမ္ပဏီပိုင်ရှင် ဂီယာနီအက်ဂ်နီလီရဲ့ မြေးတော်စပ်တဲ့ အီလ်ကန်ဟာ အဆိုပါလုပ်ရပ်ကြောင့် လာမယ့် ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

play


သတင်းမှာပေး တိုင်ကြားမှုနဲ့ အဖမ်းခံခဲ့ရသူ အီလ်ကန်ဟာ အမေရိကန်ကို ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။ အီလ်ကန်က ၎င်းဟာ နိုဝင်ဘာ ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီဝန်းကျင်က မက်ဟတ်တန်ရှိ တိုက်ခန်းတစ်ခုမှာ ပြန်ပေးဆွဲ ဖမ်းဆီးခံထားရကြောင်း ပြောကြားခဲ့ပါတယ်။ ၎င်းကို ရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီဝန်းကျင်မှာ အဆိုပါတိုက်ခန်းရဲ့ အပြင်ဘက်မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

play


အယ်လ်ကန်ဟာ နယူးယော့ခ်မြို့မှာ မွေးဖွားခဲ့သူဖြစ်ပြီး ဖီးယက်ကားကုမ္ပဏီရဲ့ ရှယ်ယာရှင်လည်း ဖြစ်ပါတယ်။ ဖီးယက်ရှယ်ယာရှင် ဖြစ်ပေမဲ့ အယ်လ်ကန်ဟာ ကုမ္ပဏီမှာ ရာထူးရယူပြီး ဝင်ရောက်လုပ်ကိုင်ခြင်း မရှိပါဘူး။ ဖီးယက်ကားကုမ္ပဏီရဲ့ အမွေဆက်ခံသူ အယ်လ်ကန်ဟာ ၂၀၁၅ ခုနှစ်ကလည်း မူးယစ်ဆေး အသုံးလွန်သွားခဲ့တာကြောင့် ဆေးရုံရောက်သွားခဲ့ရာ အီတလီမီဒီယာတွေရဲ့ ခေါင်းကြီးသတင်းမှာ ဖော်ပြခံခဲ့ရပါသေးတယ်။
Source & Photo: USA Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ