Odd News: မိခင်နဲ့ ညီငယ်ကို သတ်ပြီး ဖခင်ကို အပြစ်ပုံချတဲ့ ၁၄ နှစ်သား

အိပ်ပျော်နေတဲ့ မိခင်နဲ့ ညီငယ်ရဲ့နဖူးကို သေနတ်နဲ့ ပစ်ခဲ့တာပါ။

play

 

အမေရိကန်ပြည်ထောင်စု၊ ပန်ဆယ်လ်ဘေးနီးယားပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၄ နှစ်အရွယ် ဂျက်ကော့ရမ်မယ်လ်လီဟာ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ၉၁၁ ကို ဖုန်းခေါ်ပြီး သူ့ရဲ့မိခင်နဲ့ ညီလေးမှာ သေဆုံးသွားပြီး ဖခင်က အိပ်ရာထဲမှာ သေနတ်ထားပြီး အိမ်ကထွက်သွားတယ်လို့ ရဲကို တိုင်ခဲ့ပါတယ်။

သူဟာ ဖခင် အလုပ်သွားချိန်ကိုစောင့်ပြီးမှ ရေခဲသေတ္တာပေါ်တင်ထားတဲ့ ပစ္စတိုသေနတ်ကိုယူကာ လူသတ်မှုတွေကို ကျူးလွန်ခဲ့တာဖြစ်ကြောင်း နောက်ပိုင်းမှာ ဝန်ခံခဲ့တယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ဝင် စတီဖင်လီမန်နီက ပြောပါတယ်။

play

 

ရမ်မယ်လ်လီဟာ အသက် ၄၆ နှစ်အရွယ် မိခင် ဒိုင်နာနဲ့ ၈ နှစ်အရွယ် ဆယ်လက်ဘ်တို့ကို အိပ်ရာထဲမှာ အိပ်ပျော်နေစဉ် သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

ဖခင်ဖြစ်သူဟာ နံနက် ၅ နာရီ ၄၀ မှာ အိပ်က ထွက်မသွားခဲ့ဘူးဆိုရင် သူ့ကိုပါ ပစ်သတ်မှာဖြစ်ကြောင်း သူက ရဲတွေကိုပြောခဲ့သေးတယ်လို့ ဆိုပါတယ်။

play

 

ရမ်မယ်လ်လီကို အရွယ်ရောက်သူတွေကို တရားစွဲသည့်အတိုင်း လူသတ်မှုတွေနဲ့ နိုဝင်ဘာလ ၃၀ ရက်နေ့က တရားစွဲဆိုထားပါတယ်။

သူ့ကို တရားရုံးတော်ရှေ့ မထုတ်ခင်မှာ ဆေးကုသမှုပေးကာ စိတ်ကျန်းမာရေးလည်း စစ်ဆေးသွားဦးမှာ  ဖြစ်ပါတယ်။

ရမ်မယ်လ်လီဟာ မိဘတွေနဲ့ သိပ်အဆင်မပြေပေမဲ့ ညီငယ်နဲ့တော့ ဘာပြဿနာမှ မရှိဘူးလို့ လီမန်နီက ဆိုပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ