Odd News: မင်္ဂလာဦးညမှာ သတို့သားက အရက်မူးပြီး ထိုးကြိတ်ကန်ကျောက်တဲ့အတွက် သတို့သမီးထွက်ပြေးခဲ့ရ

မင်္ဂလာဦးညမှာ သတို့သားက အရက်မူးပြီး ထိုးကြိတ်ကန်ကျောက်တဲ့အတွက် သတို့သမီးထွက်ပြေးခဲ့ရ

play

 

ကယ်ဗင်ဂျို့စ်မက်ခ်ဂါ့သ်ဟာ မင်္ဂလာဆောင်ဝတ်စုံတောင် မလဲရသေးတဲ့ ဇနီးအသစ်စက်စက်လေးကို  လည်ပင်းညှစ်ပြီး ထိုးကျိတ်ကန်ကျောက်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၈ နှစ်အရွယ် မက်ခ်ဂ့ါသ်ဟာ မင်္ဂလာဆောင်နေ့မှာ မနက် ၁၀ နာရီကတည်းက သောက်နေခဲ့တာဖြစ်တယ်လို့ တရားရုံးမှာ ကြားနာခဲ့ရပါတယ်။

play

 

မက်ခ်ဂါ့သ်ဟာ အရက်အရမ်းမူးနေတဲ့အတွက် ၈ နာရီမှာ ပြီးသွားတဲ့ မင်္ဂလာညစာပြီးနောက် ဘာကိုမှ မမှတ်မိတော့ဘူးလို့ သူ့ရဲ့ရှေ့နေက ထွက်ဆိုခဲ့ပါတယ်။

အနှိပ်စက်ခံလိုက်ရတဲ့ ဇနီးသည်ဟာ အခန်းထဲက ထွက်ပြေးသွားပြီး ဟိုတယ် ဝန်ထမ်းတွေကို ပြောပြခဲ့ပါတယ်။ အဲဒီနောက် ဒဏ်ရာတွေရနေတဲ့ သူမကို ကုသပေးဖို့ ဆေးရုံကို ခေါ်သွားခဲ့ရကြောင်း သိရပါတယ်။

မက်ခ်ဂါ့သ်ဟာ လွန်ခဲ့တဲ့ နှစ်လက ယင်းဖြစ်ရပ်ဖြစ်ပွားပြီးကတည်းက သူ့ရဲ့ဇနီးသည်ရော သူတို့ရဲ့သမီးလေးကိုပါ မတွေ့ရတော့ကြောင်းလည်း တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

play

 

အဲဒီညက ဇနီးသည်က ခင်ပွန်းကို ဟိုတယ်ခန်း ကြမ်းပြင်မှာ အော့အန်လိုက်တဲ့အတွက် အပြစ်ပြောဆိုခဲ့တဲ့အတွက် သူမကို လည်ပင်းညှစ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ခင်ပွန်းဖြစ်သူက အိပ်မပျော်ခင်အထိ သူမကို ကြိမ်ဖန်များစွာ ထိုးကြိတ်ကန်ကျောက်ခဲ့ကြောင်း မယ်လီဆာက ထွက်ဆိုခဲ့တာပါ။

မက်ခ်ဂါ့သ်ဟာ ပြစ်မှုကျူးလွန်ဖူးခြင်းမရှိတဲ့အတွက် ခံဝန် ၂ နှစ်နဲ့ လူမှုဝန်ထမ်းအလုပ်တွေကို နာရီ ၁၀၀ လုပ်ဆောင်ဖို့ အမိန့််ချခဲ့ပါတယ်။ ဒါ့အပြင် ဇနီးဖြစ်သူကိုလည်း ပေါင် ၃၀၀ ပေးဖို့လည်း တရားရုံးက အမိန့်ချမှတ်လိုက်ပါတယ်။

Source & Photos : the Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ