Odd News: နှစ် ၂၀၀၀ ကျော် ကြာသည့်တိုင် ပျော့ပျောင်းတဲ့အရေပြားနဲ့ ဆံပင်တွေရှိနေသေးတဲ့ မံမီရုပ်

ရှေးခေတ် ဆေးစိမ်တဲ့နည်းပညာက တကယ်ကို အံ့သြချီးကျူးစရာပါ။

play
လေဒီဒိုင်ရဲ့ အသက် ၅၀ အရွယ်ကို မံမီရုပ်မှတစ်ဆင့် ပြန်လည်ဖန်တီးပုံသွင်းထားစဉ်

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၁၀၀ ခန့်ကတည်းက ဆေးစိမ်ထားတဲ့ မံမီရုပ်အလောင်းတစ်ခုကို လေ့လာကြည့်ရာမှာ ပျော့ပျောင်းနူးညံ့တဲ့ အရေပြားနဲ့၊ ဆံပင်တွေ၊ မျက်တောင်မွှေးတွေအားလုံး ကျန်ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒါတင်မက ယင်းရုပ်အလောင်းရဲ့ လက်တွေနဲ့ခြေတွေဟာလည်း ကွေးဆန့်လို့ရနိုင်တဲ့အနေအထားနဲ့ တွေ့ရပါတယ်။

play

 

ဒီမံမီရုပ်ရဲ့အမည်က Xin Zhui လို့ ခေါ်ပြီး ဟန်မင်းဆက်လက်ထက်က အရာရှိကြီးဒိုင်ရဲ့ ဇနီးတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ သူမဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က သေဆုံးစဉ်မှာ အဝလွန်မှုကြောင့် သွေးတိုး၊ ဆီးချို၊ သွေးကြောပိတ်တာနဲ့ နှလုံးကိုထိခိုက်မှုပေါင်းများစွာဖြစ်ပြီး ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

play

 

သူမရဲ့အုတ်ဂူဟာ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်တွင်းရှိ တောင်စောင်းလေးတစ်ခုမှာ ရှိနေခဲ့တာပါ။ သူမရဲ့ရုပ်အလောင်းကို ပိုးသားလွှာ ၂၀ နဲ့ အထပ်ထပ်ထုပ်ပိုးကာ ခေါင်းတလား ၄ ခုနဲ့ အဆင့်ဆင့်ထည့်သွင်းထားပါတယ်။ ခေါင်းတလားတွေကို ရွှံ့စေး၊ ကျောက်မီးသွေးတို့နဲ့ မွမ်းမံထားလို့ ရေလုံပြီး ဘက်တီးရီးယားတွေလည်း မဝင်ရောက်နိုင်ပါဘူး။ လေဒီဒိုင်ရဲ့ ရုပ်အလောင်းဟာ လေ့လာဖူးသမျှ မံမီရုပ်တွေထဲမှာ သက်ရှိခန္ဓာနဲ့ အနီးစပ်ဆုံးရှိနေတာကိုလည်း တွေ့ရတာကြောင့် ရှေးခေတ် မံမီရုပ်ဆေးစိမ်တဲ့ နည်းပညာဟာ ပိုမိုအလေးထား အတုယူစရ ကောင်းလာပါတော့တယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ