Odd News: ဂျက်မားနဲ့ တူချင်တာကြောင့် ခွဲစိတ်ပြုပြင်တဲ့ လူငယ်

အမေရိကန်ဒေါ်လာ ၁၄၅၀၀၀ ဖိုးလောက်သုံးပြီးသွားပြီလို့ သိရပါတယ်။

play

 

တရုတ်နိုင်ငံက လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ဦးဟာ Alibaba Group ရဲ့ သူဌေးကြီး ဂျက်မားနဲ့တူအောင် မျက်နှာပလတ်စတစ်ဆာဂျရီ လုပ်ဆောင်ခဲ့ပါတယ်။

play

 

 ဟောင်ကျင်လို့ ခေါ်တဲ့ အဆိုပါလုပ်ငန်းရှင် လူငယ်ဟာ  Shenzhen ပြည်နယ်က ဖြစ်ပြီး လက်ရှိအချိန်ထိ ခွဲစိတ်စရိတ် အမေရိကန်ဒေါ်လာ ၁၄၅၀၀၀ ဖိုးလောက်သုံးပြီးသွားပြီလို့ သိရပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ သွားရောက်လုပ်ဆောင်ခဲ့တာဖြစ်ပြီး သူဟာ သူဌေးကြီးဂျက်မားရဲ့ အကြီးစားပရိတ်သတ်တစ်ဦးဖြစ်တယ်လို့ ဟောင်ကျင်က ပြောထားပါတယ်။

play

 

 ဟောင်ကျင်ဟာ အရောင်းအဝယ်သမားတစ်ဦးဖြစ်သလို ဂျက်မားထူထောင်ထားတဲ့ ဟန်ကျိုးပြည်နယ် Hupan ကောလိပ်ကျောင်းမှ ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ ဟောင်ကျင်ရဲ့ လုပ်ရပ်ကို တရုတ်ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်သူအမြောက်အများလည်း ရှိနေပါတယ်။

People's Daily ရဲ့ ဖော်ပြချက်အရတော့ ဟောင်ကျင်ဟာ ခွဲစိတ်မှုတွေကို ထပ်မံလုပ်ဆောင်ရဦးမှာ ဖြစ်ပါတယ်။

Photos & Source:  People's Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ