Odd News: နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး ဖုန်းအားသွင်းပေးမယ့် ကုတ်အင်္ကျီ

ဈေးက ဒေါ်လာ ၂၄၈၀ ဖြစ်ပါတယ်။

play

 

သွားရင်းလာရင်း ဖုန်းအားကုန်သွားတဲ့အခါ သင်ဝတ်လာတဲ့ ကုတ်အင်္ကျီက ဖုန်းအားဖြည့်ပေးမယ်ဆိုတာက တကယ့်မိုက်တဲ့ စိတ်ကူးပဲဖြစ်ပါတယ်။

ဒီစိတ်ကူးကို လက်တွေ့အကောင်အထည်ဖော်သူက ဂျပန်နိုင်ငံမှာ ပညာရှင်တစ်ဦးဖြစ်သူ ဂျူညာ ဝါတာနာဘီဖြစ်ပါတယ်။  FW16 လို့ခေါ်တဲ့ နေရောင်ခြည်စွမ်းအင်သုံး ဖုန်းအားဖြည့်ကုတ်ကို မတ်လက စတင်ပြသခဲ့တာဖြစ်ပြီး ဈေးက ဒေါ်လာ ၂၄၈၀ ဖြစ်ပါတယ်။

play

 

အားပြန်ပြည့်ဖို့ နေရောင်ခြည်ထဲမှာ ကုတ်အင်္ကျီကို ဘယ်လောက်ကြာကြာထားပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမဲ့ အချိန်တော်တော်ကြာမြင့်စွာ ထားရမှာတော့ သေချာပါတယ်။

 ဒီဇိုင်းပိုင်းကလည်း သိပ်အကောင်းကြီး မဟုတ်တာကြောင့် နောက်ပိုင်းမှာ ဝါတာနာဘီရဲ့ အဆိုပါကုတ်အင်္ကျီကို အခြေခံပြီး ဒီ့ထက်ကောင်းတဲ့ ဒီဇိုင်းတွေနဲ့ ထွက်ပေါ်လာဖွယ်ရှိပါတယ်။

Photos & Source: Mezo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ