play

 

မြင်းတွေ ပြေးလွှားဖို့ ခြေထောက်မှာ သံခွာတပ်ပေးလာတာဟာ နှစ်ပေါင်း ၂၀၀၀ ကျော်ရှိနေပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ သြစတြီးယားကုမ္ပဏီတစ်ခုဟာ သံခွာတွေအစား မြင်းတွေစီးဖို့ ဖိနပ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါတယ်။

play

 

အဆိုပါဖိနပ်တွေကို ထုတ်လုပ်တဲ့ Megasus ကုမ္ပဏီကို တည်ထောင်သူ ချာလီဖော့စ်နာဟာ မြင်းတွေ သက်သောင့်သက်သာနေထိုင်ရေးကို လေ့လာသူ အဖြစ်အလုပ်လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့ အတွေ့အကြုံအရ မြင်းပေါင်း ၅၀ ရာခိုင်နှုန်းဟာ ခွာပြဿနာနဲ့ ခြေထောက်ပြဿနာတွေကို လျှော့ပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။

play

 

နှစ်ပေါင်း ၂၀ အတွင်း ပလတ်စတစ်နဲ့ပြုလုပ်ထားတဲ့ မြင်းခွာအမျိုးမျိုးကို တီထွင်ခဲ့ပေမဲ့ တကယ်ကောင်းမွန်တဲ့ မြင်းခွာကို ရရှိခဲ့တာကတော့ မကြာသေးခင်ကမှ ဖြစ်ပါတယ်။

play

 

သာမန်မြင်းခွာဒီဇိုင်းနဲ့ တီထွင်မှုကို ပေါင်းစပ်ထားတာဖြစ်ပြီး မြင်းတွေမှာ လိုအပ်နေတဲ့ အကာအကွယ်နဲ့ လွတ်လပ်မှုကို အပြည့်အဝပေးနိုင်တယ်လို့ ဖော့စ်နာက ပြောကြားထားပါတယ်။ ပစ္စည်းတွေကိုတော့ ၂၀၁၇ ဇူလိုင်လောက်မှ ရောင်းချပေးမယ်လို့လည်း သိရပါတယ်။

Photos & Source: Megasus Horserunners/Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video