Odd News: မိဘကို ကူညီဖို့ အပျိုစင်ဘဝကို ရောင်းဖို့စီစဉ်နေတဲ့သမီးကြောင့် မိဘနှစ်ပါး စိတ်ဆင်းရဲနေရ

အဲဒီလိုလုပ်ရင် သမီးအဖြစ်ကပါ စွန့်လွှတ်မယ်လို့ ခြိမ်းခြောက်လိုက်ကြပါတယ်။

play

 

အရှေ့ဥရောပနိုင်ငံတစ်ခုမှာ နေထိုင်တဲ့ အသက် ၁၈ နှစ်အရွယ် မိန်းမပျိုလေးဟာ သူမရဲ့အပျိုစင်ဘဝကို ဒေါ်လာ ၁ သန်းနဲ့ ရောင်းချပြီး မိဘနှစ်ပါးအတွက် အိမ်ဝယ်ပေးဖို့ စီစဉ်နေပေမဲ့ သူမရဲ့မိဘတွေကတော့ အဲဒီငွေကို မလိုချင်ဘူးလို့ ဆိုပါတယ်။ အဲဒီလိုလုပ်ရင် သမီးအဖြစ်ကပါ စွန့်လွှတ်မည်ဖြစ်ကြောင်း အလက်ဇန္ဒယားကက်ဖ်ရန်ရဲ့ မိဘတွေက သူမကို ခြိမ်းခြောက်ခဲ့ပါတယ်။

"အင်တာနက်မှာ ရှာကြည့်တော့ ယူရို ၃.၅ သန်းနဲ့ သူတို့ကိုယ်သူတို့ ရောင်းနေတဲ့ မိန်းကလေးတွေတောင် ရှိတယ်။ မိန်းကလေးတွေက သူတို့ရဲ့ အပျိုးစင်ဘဝကို တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ စွန့်လွှတ်ရတာပဲလေ။ ဒီအတိုင်း စွန့်လွှတ်ရမှာတော့ မတန်ဘူး" လို့ သူမက ဆိုပါတယ်။

play

 

"ကျွန်မနေတဲ့ နိုင်ငံက အရမ်းဆင်းရဲတယ်။ ကျွန်မမိဘတွေကို အိမ်ဝယ်ပေးချင်တယ်" လို့ သူမက ပြောခဲ့ပါတယ်။

ဒါပေမဲ့ သူမရဲ့ မိခင်နဲ့ ဖခင်ကတော့ အဲဒီငွေတွေကို မလိုအပ်ဘူးလို့ ဆိုလျက် သူတို့ရဲ့သမီး ဘာကြောင့် ဒီလိုဆုံးဖြတ်တယ်ဆိုတာကို နားမလည်နိုင် ဖြစ်နေကြပါတယ်။

သူမအသက် ၁၅ နှစ်အရွယ်မှာ Indecent Proposal ရုပ်ရှင်ဇာတ်ကားကို ကြည့်ပြီး ဒီစိတ်ကူးကို ရခဲ့တာလို့ အလက်ဇန္ဒယားက ဆိုပါတယ်။

play

 

"သူ့မိဘတွေက အဲဒီလို မလုပ်ဖို့ သူ့ကို တောင်းပန်ကြတယ်။ ဒါပေမဲ့ သူမက သမီး ၁၈ နှစ်ရှိပြီ၊ ကိုယ့်ခန္ဓာကိုယ်ကို ကိုယ်ကြိုက်တာလုပ်ခွင့်ရှိတယ်" လို့ ပြန်ပြောတယ်လို့ သူမရဲ့ ဦးလေးက ပြောပြပါတယ်။

သူမရဲ့မိခင် အီလီနာမှာ မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပြီး ရဲဝန်ထမ်းဖြစ်တဲ့ သူမရဲ့ဖခင် တိုနီမှာ စိတ်ပျက်လက်ပျက်ဖြစ်နေကြောင်း သူမရဲ့ဦးလေး ရက်ဒူရက်ဒူကူက ဆိုပါတယ်။

Source & Photos : Mirror

မိဘကို ကူညီဖို့ အပျိုစင်ဘဝကို ရောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုထင်ပါသလဲ»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ