Odd News: အချင်းချင်း တင်ပါးကိုကြည့်ပြီး မှတ်သားခွဲခြားကြတဲ့ ချင်ပန်ဇီမျောက်များ

လူတွေဆိုရင် ဒါမျိုးမှတ်နိုင်ဖို့ မလွယ်ပါဘူး။

play

 

လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် ခွဲခြားနိုင်ဖို့ မျက်နှာကိုမှတ်သားထားလေ့ရှိပါတယ်။ ချင်ပန်ဇီမျောက်တွေမှာတော့ တင်ပါးတွေကို မှတ်သားထားကြကြောင်း သိပ္ပံနဲ့ဆေးပညာဂျာနယ် PLoS One က ရေးသားဖော်ပြလိုက်ပါတယ်။ ဒီအချက်ကို ဒတ်ခ်ျသုတေသီတွေက လူတွေရော ချင်ပန်ဇီတွေကိုပါ လေ့လာမှုပြုပြီးနောက် သိရှိခဲ့ကြတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အစိတ်အပိုင်းတွေရဲ့ ဓာတ်ပုံတွေကို တွဲဖက်စေပြီး ဘယ်လိုပြုမူတယ်ဆိုတာကို လူနဲ့ချင်ပန်ဇီကြား နှိုင်းယှဉ်ခဲ့ကြတာပါ။ ဒီအခါမှာ ချင်ပန်ဇီတွေက အချင်းချင်း ခွဲခြားမှတ်သားဖို့ တင်ပါးကိုကြည့်ပြီး ဆုံးဖြတ်တာကို တွေ့ရှိခဲ့ကြရပါတယ်။

play

 

လူတွေက သာမာန်မျက်နှာပုံရိပ်ကို မှတ်မိနိုင်ပေမဲ့ ယင်းပုံရိပ်ကိုပဲ ပြောင်းပြန်ဇောက်ထိုးထားလိုက်တဲ့အခါ မှတ်မိဖို့ခဲယဉ်းသွားပါတယ်။ ချင်ပန်ဇီတွေကတော့ ပြောင်းပြန်ဇောက်ထိုးလုပ်ထားတဲ့ ပုံရိပ်တွေကို တွဲစေရာမှာ မျက်နှာပုံတွေကို အခက်အခဲမရှိ တွဲဆက်ပေးနိုင်ပြီး တင်ပါးပုံတွေကို တွဲဆက်ရာမှာတော့ အတော်လေးခက်ခဲတာကိုကြည့်ခြင်းအားဖြင့် သုတေသီတွေက ချင်ပန်ဇီတွေရဲ့ အချင်းချင်းခွဲခြားမှတ်သားပုံကို သိရှိခဲ့ကြကြောင်း အဆိုပါဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။

Source : Verge

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ