Odd News: ကလေးတွေကိုအိမ်မှာထားပြီး ရည်းစားနဲ့ခရီးထွက်တဲ့မိခင်ကြောင့် ကလေးသေဆုံး

အွန်လိုင်းပေါ်မှာတော့ ကလေးတွေကိုအရမ်းချစ်သလို ပုံတွေတင်နေခဲ့သူပါ။

play

 

အသက် ၂၀ အရွယ် ဗြိတိန်မိခင်တစ်ဦးဟာ သူမရဲ့သမီးနဲ့သားကို ထားခဲ့ပြီး ချစ်သူနဲ့ခရီးထွက်သွားခဲ့ရာက ကလေးတွေဟာ အစာရေစာငတ်ပြတ်မှုနဲ့ကြုံခဲ့ရပြီး ကလေးတစ်ဦးမှာလည်း သေဆုံးသွားခဲ့ရပါတယ်။ ဗလာဒီဆလာဗာ ပေါ့ဒ်ချက်ပ်ကိုရဲ့ အသက် ၃ နှစ်အရွယ် သမီး အန်နာနဲ့ အသက် ၁ နှစ်ကျော်သာရှိသေးတဲ့ သားငယ် ဒန်နီးလ်တို့ဟာ ဆာလောင်မွတ်သိပ်စွာနဲ့ နေခဲ့ရပါတယ်။ ပေါ့ဒ်ချက်ပ်ကိုက ကလေးတွေကို စားစရာမချန်ထားဘဲ တိုက်ခန်းထဲမှာ သော့ခတ်ပြီးထားခဲ့ရာက သားငယ်ဟာ ၆ ရက်မြောက်မှာ ဆာလောင်စွာနဲ့သေဆုံးသွားခဲ့ရပါတယ်။

play

 

၉ ရက်မြောက်နေ့မှာတော့ ကြောက်လန့်တကြား အော်ဟစ်ငိုကြွေးနေတဲ့ အန်နာရဲ့အသံကြောင့် အိမ်နီးချင်းတွေကို ရဲကိုဖုန်းဆက်ခဲ့ကြပါတယ်။ ရဲတွေရောက်လာချိန်မှာ သေလုမျောပါးဖြစ်နေတဲ့ အန်နာနဲ့ ဒန်နီးလ်ရဲ့အလောင်းကို တွေ့လိုက်ရပါတော့တယ်။ အန်နာကို ဆေးရုံမှာတင်ပို့ခဲ့ပြီး ဂရုတစိုက် ကြပ်မတ်စောင့်ရှောက်ခဲ့လို့ ခုတော့ သက်သာရာရနေပါပြီ။ ကလေးတွေကို စားစရာမချန်ထားဘဲ ခရီးထွက်သွားတဲ့ ဗလာဒီဆလာဗာကိုတော့ ရုံးတော်က ထောင် ၉ နှစ် ကျခံစေဖို့ အမိန့်ချလိုက်ပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ