Odd News: ကျူးဘားမှာ ဂျွန်လင်နွန်ရဲ့ မျက်မှန်ကို စောင့်ရှောက်ပေးနေသူ

ဒီအလုပ်ကို သူမဟာ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ပါဘူး။

play

 

အလီဒါ ပီဒရာဆာဆိုတဲ့ အမျိုးသမီးတစ်ဦးဟာ ကမ္ဘာပေါ်မှာရှိတဲ့ ထူးဆန်းတဲ့ အလုပ်တွေထဲက အလုပ်တစ်ခုကို လုပ်ကိုင်နေသူဖြစ်ပြီး ကျူးဘားအစိုးရဆီက ငွေကြေးရရှိနေပါတယ်။

သူက ဟာဗားနားမြို့က ဂျွန်လင်နွန်ရုပ်ထုမှာ ရှိတဲ့ မျက်မှန်ကို မပျောက်အောင် စောင့်ရှောက်ပေးရတာဖြစ်ပါတယ်။ ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျူးဘားနိုင်ငံခေါင်းဆောင် ဖီဒယ်ကတ်စထရိုဟာ ဂျွန်လင်နွန်သေဆုံးမှု နှစ် ၂၀ ပြည့်အဖြစ် သက္ကရာဇ် ၂၀၀၀ တုန်းက အဆိုပါ ကြေးရုပ်တုကြီးကို ပြုလုပ်ထားရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အဆိုပါရုပ်တုကြီးမှာ တပ်ပေးထားတဲ့ မျက်မှန်ဟာ မကြာခဏ ခိုးယူခံနေခဲ့ရာက အလီဒါပီဒရာဆာဟာ လင်နွန်မျက်မှန်ကို စောင့်ရှောက်ပေးသူ ဖြစ်လာတာပါ။

ဒါပေမဲ့ ဒီအလုပ်ကို သူဟာ လွယ်လွယ်နဲ့ ရလာတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်နှစ်က ဂျွန်လင်နွန်ရဲ့ မျက်မှန်ဟာ  ပျောက်ဆုံးနေကြောင်း သူက စကြားခဲ့ပါတယ်။ ဒါကြောင့် သူဟာ ရုပ်တုရှိရာပန်းခြံကိုသွားပြီး သူ့ရဲ့ မျက်မှန်ကို တပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါ သူ့ရဲ့ မျက်မှန်ကလည်း ပျောက်ဆုံးသွားပါတယ်။ ဒါပေမဲ့ သူဟာ ဇွဲမလျှော့ဘဲ နောက်မျက်မှန်တစ်လက် ထပ်တပ်ပေးပါတယ်။

 မျက်မှန်တွေ ဘယ်လောက်ပဲပျောက်ပျောက် ဇွဲမလျှော့ဘဲ ဂျွန်လင်နွန်ရုပ်တုမှာ မျက်မှန်တပ်ပေးနေတဲ့ သူ့ကို ကျူးဘားအစိုးရက သတိထားမိသွားပြီ အဆိုပါ အလုပ်ကိုခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင် အသက် ၇၂ နှစ်ရှိနေပြီ ဖြစ်တဲ့ သူဟာ ဂျွန်လင်နွန်ရဲ့ ရုပ်ထုကို စောင့်ရှောက်နေဆဲ ဖြစ်ပါတယ်။

Photos & Source: CNN

ကျူးဘားမှာ ဂျွန်လင်နွန်ရဲ့ မျက်မှန်ကို စောင့်ရှောက်ပေးနေသူ
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ