Odd News: တစ်တုံးကို ၈၅ ဒေါ်လာနဲ့ ကျောက်တုံးကို သားရေပတ်ပြီး ရောင်း

ဝယ်ယူသူများပြားတယ်လို့ သိရပါတယ်။

play

 

အမေရိကန်ဈေးဝယ်ကုန်တိုက်ကြီး  Nordstrom ဟာ သူရောင်းချနေတဲ့ ပစ္စည်းတစ်ခုကြောင့် ကမ္ဘာ့မီဒီယာ အချို့ရဲ့ ဖော်ပြမှုကို ခံခဲ့ရပါတယ်။

play

 

အဆိုပါ ကုန်တိုက်က ကျောက်တုံးတွေကို သားရေပတ်ပြီး တစ်တုံးကို ၈၅ ဒေါ်လာနဲ့ ရောင်းချနေတာ ဖြစ်ပါတယ်။ သားရေပတ်ကျောက်တုံးလို့ ခေါ်တဲ့ အဆိုပါကျောက်တုံးတွေဟာ သုံးလက်မခန့်အရွယ်အစားရှိပြီး လူတွေက သဘောကျနှစ်သက်ကျကာ ဝယ်ယူသူများပြားတယ်လို့ သိရပါတယ်။

play

 

 ကျောက်တုံးတွေ ရောင်းချနေတဲ့သတင်းဟာ အွန်လိုင်းပေါ်မှာ နောက်ပြောင်တဲ့ သတင်းတစ်ခုအဖြစ် ထင်ခဲ့ကြပေမဲ့ သတင်းဌာနကြီးတွေက စုံစမ်းရာမှာ အမှန်တကယ်ရောင်းချနေကြောင်း သတင်းဖော်ပြခဲ့ကြတာ ဖြစ်ပါတယ်။

Photos & Source: Nordstrom

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ