Odd News: ပျောက်ဆုံးလက်အိတ်တွေကိုပဲ ဓာတ်ပုံ လိုက်ရိုက်နေသူ

တစ်ဖက်ပျောက်နေတဲ့ လက်အိတ်တွေကိုပဲ ဓာတ်ပုံရိုက်လာသူ ဖြစ်ပါတယ်။

play

 

အသက် ၄၈ နှစ်အရွယ် မာ့လိဂ်ဟာ လက်တစ်ဖက်ပျောက်ဆုံးနေတဲ့ လက်အိတ်တွေကို ဓာတ်ပုံရိုက်ရတဲ့အပေါ် သာမန်ထက်ပိုမိုထူးခြားစွာ နှစ်သက်သူ ဖြစ်ပါတယ်။

play

 

သူ့အလုပ်အကိုင်က မာကတ်တင်းပိုင်းမှာ ဖြစ်ပေမဲ့ သူဟာ သူ့အချိန်အများစုကို တစ်ဖက်ပျောက်နေတဲ့ လက်အိတ်တွေကိုပဲ ဓာတ်ပုံရိုက်နေသူပါ။

play

 

ဒီဝါသနာဟာ လွန်ခဲ့တဲ့ သုံးနှစ်က သူ့အလုပ်ခွင်မှာ တစ်ဖက်တည်းဖြစ်နေတဲ့ လက်အိတ်ကိုတွေ့ရာက စခဲ့တာ ဖြစ်ပါတယ်။ အဆိုပါလက်အိတ်ကိုတွေ့ပြီး နောက်နေ့ဆက်တိုက်မှာပဲ လမ်းပေါ်မှာ လက်အိတ်တစ်ခုကို တွေ့ရာကနေ ဒီဝါသနာက စွဲကပ်လာခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် သူစုထားတဲ့ ပျောက်ဆုံးလက်အိတ်ဓာတ်ပုံပေါင်း ၃၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။

play

 

သူရိုက်ခဲ့တဲ့ လက်အိတ်ဓာတ်ပုံတွေထဲမှာ သူအကြိုက်ဆုံးက ကမ်းခြေတစ်ခုက ခြံစည်းရိုးမှာ လက်အိတ်တွေအများကြီး စွပ်ထားတာကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ပြီး ဓာတ်ပုံရိုက်နိုင်ခဲ့တာ ဖြစ်တယ်လို့ မာ့လိဂ်က ပြောထားပါတယ်။

Photos & Source:  ITV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ