Odd News: ခင်ပွန်းနှင့် ဖောက်ပြန်နေသည့် အမျိုးသမီးကို အင်္ကျီများချွတ်ပြီး လမ်းမပေါ်မှာ ဇနီးက ရိုက်နှက်

ဇနီးသည်နဲ့အတူ မိသားစုဝင်တွေက အဆိုပါအမျိုးသမီးကို ရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

Young mistress is beaten by her lover’s wife
play

 

အိမ်ထောင်သည် အမျိုးသားတစ်ဦးနဲ့ ဖောက်ပြန်ကာ အတူအိပ်ခဲ့မိတဲ့ အမျိုးသမီးငယ်တစ်ဦးဟာ အဆိုပါအမျိုးသားရဲ့ ဇနီးဖြစ်သူနဲ့ ထိပ်တိုက်တိုးပြီး လမ်းမအလယ်မှာ အရှက်ခွဲခံခဲ့ရပါတယ်။

တရုတ်နိုင်ငံအတွင်းက အမည်မသိရသေးတဲ့ မြို့တစ်မြိ့မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းသွားလမ်းလာတစ်ဦးက အဆိုပါ ဖြစ်ရပ်ကို  ဖုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။ ဇနီးသည် မရှိခိုက်မှာ ခင်ပွန်းဖြစ်သူက သူနဲ့ တိတ်တဆိတ် ဇာတ်လမ်းဖြစ်နေတဲ့ အမျိုးသမီးကို အိမ်ခေါ်ပြီး အတူအိပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဇနီးသည်ဟာ သူ့မှာရှိတဲ့ နောက်ထပ်သော့တစ်စုံနဲ့ အိမ်ခန်းထဲကို ရုတ်တရက်ဝင်ရောက်လာတာကြောင့် ဒီစုံတွဲကို လက်ပူးလက်ကြပ် မိခဲ့တာဖြစ်ပါတယ်။

play

 

ဒေါသအရမ်းထွက်နေတဲ့ ဇနီးသည်ဟာ သူ့ရဲ့ ခင်ပွန်းနဲ့အတူရှိနေခဲ့တဲ့ အဆိုပါအမျိုးသမီးငယ်ကို အဝတ်အစား ဝတ်ခွင့်တောင်မပေးဘဲ လမ်းမပေါ်ကို ဆွဲခေါ်လာခဲ့တာဖြစ်ပါတယ်။ ဇနီးသည်ဖြစ်သူဟာ သူမရဲ့ မိခင်အပါအဝင် ဆွေမျိုးမိသားစုဝင်တွေကို ခေါ်လာခဲ့တာဖြစ်ပြီး လမ်းမထက်မှာ အတွင်းခံသာ ဝတ်ဆင်ထားရတဲ့ အမျိုးသမီးငယ်ကို ဝိုင်းဝန်းရိုက်နှက်ခဲ့ကြတာ ဖြစ်ပါတယ်။

သူမတို့ ဇနီးမောင်နှံရဲ့ သားဖြစ်သူက အလယ်တန်းကျောင်းသားအရွယ် ရောက်နေချိန်မှာတောင် ဒီလိုဖောက်ပြန်မှုမျိုး ပြုလုပ်ခဲ့တယ်ဆိုပြီး ဇနီးသည်က အော်ဟစ်ပြောဆိုနေခဲ့တာတွေ့ရပါတယ်။ အတွင်းခံဝတ်စုံသာရှိပြီး လမ်းမထက်မှာ အရိုက်ခံနေရတဲ့ အမျိုးသမီးဟာ ရိုက်နှက်မှုကို ဘာမှ ပြန်မခုခံတဲ့အပြင် အဝေးကို ထွက်ပြေးဖို့လည်း မကြိုးစားခဲ့တာတွေ့ရပါတယ်။

မိနစ်အနည်းငယ် ကြာပြီးနောက် အနားကလူတွေဝင်ရောက်ဖြန်ဖြေမှသာ ရိုက်နှက်မှု ပြီးဆုံးသွားခဲ့ပြီး နောက်ဆက်တွဲ သတင်းကိုတော့ မသိရသေးပါဘူး။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ