Odd News: ဥရောပပတ်ပြီး ဂျင်အရက်မြည်းရမယ့်အလုပ် လျှောက်ထားသူ များပြားလွန်းနေ

လျှောက်ထားသူများလွန်းလို့ အခုထိ အဲဒီနေရာအတွက် မခန့်ထားရသေးပါဘူး။

play

 

တစ်နှစ်ကို ဒေါ်လာ နှစ်သောင်းခွဲကျော် (မြန်မာကျပ်ငွေ သိန်း ၃၃၀ ကျော်) နဲ့ ခန့်ထားမယ့် ဥရောပကို လှည့်လည်ပြီး ဂျင်အရက် သောက်ရမယ့် အရက်မြည်းသူတစ်ဦးလိုအပ်ကြောင်း အဖျော်ယမကာကုမ္ပဏီတစ်ခုက ကြော်ငြာထည့်သွင်း ခေါ်ယူခဲ့ပါတယ်။

ILoveGin ဝက်ဘ်ဆိုဒ်က ယင်းလစ်လပ်နေရာအတွက် လျှောက်လွှာတွေကို စက်တင်ဘာလက ပိတ်လိုက်ပေမဲ့ လျှောက်ထားသူများလွန်းတဲ့အတွက် အခုထိ ယင်းနေရာအတွက် လူမခန့်ရသေးပါဘူး။

"အလုပ်လိုချင်သူက များလွန်းတယ်။ လျှောက်ထားသူ ၄,၀၀၀ ကျော်ရှိတော့ ဘယ်လိုမှ မစစ်ဆေးနိုင်ဘူး။ စိစစ်ရွေးချယ်ပြီးတဲ့နောက် ၂၀၁၇ အစောပိုင်းမှာတော့ တစ်ယောက်ကို အလုပ်ခန့်ဖို စဉ်းစားထားပါတယ်" လို့ ILoveGin က ပြောပြခဲ့ပါတယ်။

play

 

"ဂျင်အရမ်းကြိုက်တဲ့ အလုပ်သင်တစ်ယောက်လိုချင်တာပါ။ ဂျင်အသစ်တွေ၊ စပ်ထားတဲ့အရက်သစ်တွေကို မြည်းစမ်းပြီး ကုန်အမှတ်တံဆိပ်တွေရှာ၊ အရက်ကုမ္ပဏီကို သွား၊ ဂျင်တွေကို ပေါင်းစပ်ရင်း နေ့တွေကို ကုန်ဆုံးချင်တဲ့သူမျိုးပေါ့" လို့ ယင်းကုမ္ပဏီက ဆိုပါတယ်။

ယင်းအလုပ်ကို လုပ်ရမယ့်သူဟာ တစ်ပတ်မှာ နှစ်ရက်ပဲ ပြင်ပကနေ အလုပ်လုပ်ပေးရမှာဖြစ်ပါတယ်။ ယင်းနှစ်ရက်မှာ ဂျင်ကုမ္ပဏီသစ် တစ်ခု၊ နှစ်ခုကို သွားရောက်လည်ပတ်ရမှာဖြစ်ပြီး လန်ဒန်မှာရှိတဲ့ ILoveGin ရုံးချုပ်ကိုတော့ တစ်လတစ်ကြိမ် လာရောက်ရမယ်လို့ ဆိုပါတယ်။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ