Odd News: အလုပ်ထဲမှာ အဝတ်ဗလာနဲ့ဆယ်ဖီဆွဲတဲ့ ဘယ်လ်ဂျီယံအစိုးရဝန်ထမ်း အလုပ်မှရပ်ဆိုင်းခံရ

ရုံးမှာ အလုပ်လုပ်တာ ၆ နှစ်တောင် ရှိပါပြီ။

play

 

ဘယ်လ်ဂျီယံနိုင်ငံ အတွင်းဝန်ရုံးက အမျိုးသမီးဝန်ထမ်းတစ်ဦးဟာ ရုံးထဲမှာ အဝတ်ဗလာနဲ့ ဆယ်ဖီရိုက်ပြီး အွန်လိုင်းပေါ်တင်ခဲ့လို့ အလုပ်မှရပ်ဆိုင်းခံထားရသလို တရားရုံးမှာ ရင်ဆိုင်နေရကြောင်း ပြည်တွင်းမီဒီယာတွေမှာ ရေးသားနေကြပါတယ်။

အမည်ဖော်ပြမထားတဲ့ အမျိုးသမီးဝန်ထမ်းတစ်ဦးရဲ့ အဝတ်ဗလာပုံတွေဟာ လူမှုကွန်ရက်တွေပေါ်မှာလည်း ပျံ့နှံ့နေပါတယ်။ သူမက အတွင်းဝန်ရုံးရဲ့ အစည်းအဝေးခန်းတွေနဲ့ ဓာတ်လှေကားထဲမှာ အဝတ်အစားအပါဘဲ ဓာတ်ပုံတွေရိုက်ကူးထားခဲ့တာပါ။ အထက်လူကြီးတွေက ဒါကို သိသွားလို့ တရားရုံးကိုရောက်တာတောင် သူမက အလုပ်နဲ့ကိုယ်ရေးကိုယ်တာ မပတ်သက်ဘူးဆိုပြီး ခွန်းတုံ့ပြန်ခဲ့ပါသေးတယ်။ သူမကို ထောက်ခံအားပေးသူတွေလည်း ရှိနေတာကြောင့် သူမကိုယ်သူမ အပြစ်ရှိကြောင်း ဝန်မခံပါဘူး။ ရုံးတော်က သူမရဲ့အမှုကို ကြားနာနေစဉ်အတွင်း အလုပ်မှရပ်ဆိုင်းထားပြီး အိမ်မှာပဲ လစာပြည့်ခံစားခွင့်နဲ့နေဖို့ အထက်က ပြောထားတယ်လို့ သိရပါတယ်။

Source : RT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ