Odd News: ဖောက်ပြန်နေတာကို သိသွားတဲ့ ဇနီးကို မီးရှို့သတ်လိုက်တဲ့ ခင်ပွန်း

အခုတော့ သူ့မှာ အပြစ်ရှိကြောင်း တွေ့ရှိသွားပါပြီ။

play

 

အင်္ဂလန်နိုင်ငံ အက်ဆက်စ်စီရင်စုမှာ နေထိုင်တဲ့ အသက် ၄၀ နှစ်အရွယ် ဒါရန်ဘရိုင်နီဟာ သူနဲ့ သားနှစ်ဦး ထွန်းကားခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ဇနီးသည်ကို ရက်ရက်စက်စက်သတ်ဖြတ်ကာ လူသတ်မှုကို ဖုံးကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။

ငွေရွှင်လှတဲ့ ပွဲစားတစ်ဦးဖြစ်တဲ့ ဒါရန်ဟာ ခွေးနဲ့အတူ လမ်းလျှောက်ထွက်ပြီးအပြန် ဇနီးဖြစ်သူ မာရီယာ သေဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ အစပိုင်းက လိမ်ညာခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ဇနီးသည်က သူ့အတွက် ဝက်ဆားနယ်ခြောက်ဆင်းဒွတ်ခ်ျလုပ်ပေးရင်း မတော်တဆ မီးလောင်သေဆုံးသွားခဲ့တဲ့ပုံစံဖြစ်အောင် လုပ်ခဲ့ပါတယ်။

ဒါပေမဲ့ မာရီယာဟာ နေအိမ်ရဲ့မီးဖိုထဲမှာ မီးရှို့ခံရစဉ်က သတိမရသော်လည်း အသက်ရှင်လျက်ရှိနေသေးကြောင်း တရားလိုရှေ့နေများက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။

play
အက်ဆက်စ်စီရင်စုမြောက်ပိုင်း Theydon Bois ကျေးရွာရှိ သူတို့မိသားစုနေအိမ်။

 

ဘရိုင်ယန်က သူနဲ့ဇာတ်လမ်းရှိနေပြီး သူ့ကိုနှိပ်နယ်ပေးတဲ့ အိမ်ထောင်သည် အကြောပြင်ဆရာမဆီ ပို့တဲ့စာကို မာရီယာက တွေ့ရှိသွားပြီး သူတို့တွေ ရန်ဖြစ်တာကနေ စခဲ့တယ်လို့ တရားလိုရှေ့နေများက ဆိုပါတယ်။

ဘရိုင်ယန်ကတော့ ဇနီးသည်ဟာ ဘာမဟုတ်တဲ့ကိစ္စအတွက် သဝန်တိုခြင်းသာဖြစ်ကြောင်း လျှောက်လဲခဲ့ပါတယ်။

ဇနီးဖြစ်သူဟာ မီးဖိုကြမ်းပြင်ပေါ်မှာ လဲကျနေတာကို မြင်တွေ့ရချိန်မှာ မူးမေ့ချင်ဟန်ဆောင်ခဲ့တယ်လို့ ထင်ခဲ့တဲ့အတွက် သူမကို ထိုင်ခုံပေါ် ပြောင်းတင်ပေးခဲ့ကာ ခွေးနဲ့လမ်းလျှောက်ထွက်ခဲ့ပေမဲ့ သူပြန်လာချိန်မှာတော့ သူမကို ကြမ်းပေါ်မှာ သေဆုံးနေရတာ မြင်တွေ့ရတယ်လို့ ဂျူရီလူကြီးတွေရှေ့မှာ ဘရိုင်ယန်က ထွက်ဆိုခဲ့ပါတယ်။

အဲဒီနောက် ဘရိုင်ယန်ဟာ မာရီယာကို မီးရှို့ခဲ့ပြီး ဟင်းချက်ရင်း မတော်တဆ မီးလောင်သေဆုံးသလိုဖြစ်အောင် လုပ်ခဲ့မိတယ်လို့ ဆိုခဲ့ပါတယ်။

မာရီယာဟာ မီးမလောင်ခင် အသက်ရှင်နေသလား၊ သေဆုံးပြီးသားလားဆိုတာ သိရဖို့ ခန္ဓာဗေဒပညာရှင်များကို ခေါ်ဆိုခဲ့ပြီးတဲ့နောက် သူမဟာ အရှိန်ပြင်းလွန်းလှတဲ့မီး ဟပ်ပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။

ဘရိုင်ယန်ကို နောက်တစ်ပတ်ထဲမှာ စီရင်ချက်ချမည်ဖြစ်ပြီး ထောင်ဒဏ်တစ်သက် ကျခံရမှာ သေချာသလောက်ပါပဲ။

Source & Photos : the Sun

သူ ထောင်ဒဏ်တစ်သက်ကျမှာ သင့်လျော်တယ်လို့ ထင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ