Odd News: ဝှီးချဲနဲ့ တောင်တက်တဲ့ ဝှီးချဲတောင်တက်သမား

မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေဟာ ဝမ်းနည်းယူကျုံးမရဖြစ်ခဲ့ကြရပါတယ်။

play

 

ကျောက်တောင်တက် ချန်ပီယံ လိုင်ချီဝေဟာ အာရှကျောက်တောင်တက်ချန်ပီယံရှစ်ပြိုင်ပွဲမှာ လေးကြိမ် ဗိုလ်စွဲထားသူ ဖြစ်ပါတယ်။ ဒါပေမဲ့  ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက်နေ့မှာ  ဆိုင်ကယ်မတော်မဆမှု တစ်ခုဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့ပါတယ်။

play

 

ဒီဖြစ်ရပ်ဖြစ်ပွားပြီး ဆေးရုံက နိုးလာတဲ့အခါ သူဟာ အောက်ပိုင်းသေသွားခဲ့ပြီး တစ်ဘဝလုံးဝှီးချဲနဲ့ နေသွားရတော့မယ်လို့ ဆေးရုံက သူ့ကို ပြောခဲ့ပါတယ်။ ဘဝမှာ သူအနှစ်သက်ဆုံးအရာဖြစ်တဲ့ တောင်တက်ခြင်းကို ဘယ်တော့မှ မလုပ်နိုင်တော့တဲ့ သူ့အတွက် မိသားစုဝင်တွေနဲ့ သူငယ်ချင်းမိတ်ဆွေဟာ ဝမ်းနည်းယူကျုံးမရဖြစ်ခဲ့ကြရပါတယ်။

play

 

ဒါပေမဲ့ လိုင်ချီဝေဟာ တောင်တက်ခြင်းအလုပ်ကို မစွန့်လွှတ်နိုင်ခဲ့ပါဘူး။ ဒီ့အတွက် သူဟာ ကျောက်တောင်တွေကို ဝှီးချဲနဲ့ပဲ တက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူသူငယ်ချင်းတွေ၊ ဆွေမျိုးတွေက တားမြစ်မှုတွေ ရှိပေမဲ့ သူလက်မလျှော့ဘဲ ကြိုးစားလာခဲ့ရာမှာ အခုဆိုရင် ဟောင်ကောင်က Lion Rock ကျောက်တောင်ကို အောင်မြင်စွာ တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

play

 

 ၅ နှစ်အတွင်း ဝှီးချဲနဲ့သူ့ရဲ့ လေ့ကျင့်မှုတွေမှာ အခက်အခဲများစွာရှိခဲ့ပေမဲ့ ဒီနှစ်အတွင်း သူ့သားလေးမွေးဖွားလာတာဟာလည်း သူ့အတွက် အားတစ်ခုဖြစ်လာစေခဲ့တယ်လို့ တောင်တက်ချန်ပီယံ လိုင်ချီဝေက ပြောခဲ့ပါတယ်။

Photos & Source: Sky Post, Lai Chi-wai/Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ