Odd News: ချစ်သူကကိုယ်ဝန်ရှိနေပြီဆိုလို့ တိုက်ခန်းကို မီးသွားရှို့တဲ့လူ

ထောင်ဒဏ် ၄ နှစ်နဲ့ သီတင်းပတ် ၁၂ ပတ် ကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။

play

 

အင်္ဂလန်နိုင်ငံ နယူးကတ်ဆယ်မြို့မှာ ဖြစ်ပွားခဲ့တာပါ။ အသက် ၂၂ နှစ်အရွယ် ဂျိုရှုအာ ဟေးယက်စ်ဟာ သူ့ရဲ့ချစ်သူမှာ ကိုယ်ဝန်ရှိနေကြောင်း သိလိုက်ရချိန်မှာ စိတ်ဆိုးဒေါသထွက်သွားခဲ့ပြီး မီးနဲ့ရှို့ခဲ့တာဖြစ်ပါတယ်။ မီးမရှို့ခင်မှာလည်း "နင့်တိုက်ခန်း ၁၀ မိနစ်နေရင် ကုန်ပြီသာမှတ်" လို့ မက်ဆေ့ပို့ခဲ့ပါသတဲ့။

ဒီလိုလုပ်ရပ်ကြောင့် ဟေးယက်စ်ကို ထောင်ဒဏ် ၄ နှစ်နဲ့ သီတင်းပတ် ၁၂ ပတ် ကျခံစေဖို့ Stoke-on-Trent Crown တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ တိုက်ခန်းကို မီးရှို့စဉ်မှာ တာဝန်ရှိသူတွေက အချိန်မီသိလိုက်လို့လည်း လူတွေ အသက်အန္တရာယ် မထိခိုက်ဘဲ ဘေးကင်းခဲ့ရပါတယ်။

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ