Odd News: လက်လုပ်ဗုံးမှန်းမသိဘဲ သစ်ကြားသီးခွာဖို့ ၂၅ နှစ်လုံးလုံး သုံးခဲ့မိသူ

သူငယ်ချင်းတစ်ဦးက လက်ဆောင်ပေးခဲ့တာပါ။

play

 

တရုတ်နိုင်ငံ ရှန်ဇီပြည်နယ်၊ အန်ကန်ရွာက အမျိုးသားတစ်ဦးဟာ လက်လုပ်ဗုံးတစ်လုံးကို သစ်ကြားသီးခွာဖို့အတွက်  နှစ်ပေါင်းများစွာ ကိုင်တွယ်အသုံးပြုနေခဲ့ပေမဲ့ သူ့အသက်ကိုပါအန္တရာယ်ဖြစ်စေမယ့် ဗုံးတစ်လုံးမှန်း မသိခဲ့ရှာပါဘူး။ ဒေသခံရဲတွေက ပုံစံတူ လက်လုပ်ဗုံးဟောင်းတစ်လုံးကို တွေ့ရှိကြောင်း သတင်းထွက်တော့မှ သူအသုံးပြုနေတဲ့အရာက ဗုံးတစ်လုံးမှန်း သိခဲ့ရပါတယ်။

play

 

သူ့ကို သူငယ်ချင်းတစ်ဦးက လက်ဆောင်ပေးခဲ့တာလို့ ယင်းအမျိုးသားက ပြောပါတယ်။ သူက ဒါကိုဗုံးမှန်းမသိဘဲ သစ်ကြားသီးခွာဖို့သုံးနေတာ ၂၅ နှစ်တောင် ကြာသွားခဲ့ပါတယ်။ ခုတော့ ရဲတွေက သိမ်းဆည်းသွားကြပါပြီ။

Source : People Daily China

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ