Odd News: သုံးနှစ်သမီးလေးကို ပိုးကောင်တွေနဲ့အတူ သေတ္တာထဲထည့်ထားတဲ့ မိဘနှစ်ပါး

ကလေးငယ်လေးကို သစ်သားသေတ္တာထဲမှာ တွေ့ရှိခဲ့ရတာပါ။

play

 

နှစ်ပေကျယ်တဲ့ သစ်သားသေတ္တာတစ်လုံးထဲမှာ သုံးနှစ်သမီးလေးကို ခွေခေါက်ပြီးထည့်ထားတာကို အမေရိကန်ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

play

 

နားနေခန်းထဲမှာ ထားတဲ့ အဲဒီသေတ္တာထဲမှာ အင်းဆက်တွေလည်း ရှိနေခဲ့ပါတယ်။ အမေရိကန်ပြည်ထောာင်စု၊ အင်ဒီယားနားပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ယင်းဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးနေပါတယ်။

play
ကလေးငယ်နဲ့အတူ သေတ္တာအတွင်းတွင် တွေ့ရတဲ့ ပိုးကောင်များ

 

စုစုပေါင်း လူ ၉ ဦးကို ဖမ်းဆီးထားပြီး ကလေးရဲ့ဖခင် အသက် ၂၅ နှစ်အရွယ် ခရစ်စတိုဖာရှော့၊ သူ့ရဲ့ အသက် ၄၂ နှစ်အရွယ် ဇနီး ဒွန်နာနှင့် အသက် ၁၈ နှစ်အရွယ် ပက်ထရစ်ရှာမိခ်တို့ကို လျစ်လျူရှုမှုနဲ့ တရားစွဲဆိုထားကာ ကျန် ၆ ဦးကိုတော့ ကလေးသူငယ်ညှင်းပန်းနှိပ်စက်မှုကို တိုင်ကြားရန် ပျက်ကွက်မှုနဲ့ တရားစွဲဆိုထားပါတယ်။

play
ဖမ်းဆီးထားတဲ့ ၉ ဦးထဲတွင် ပါဝင်တဲ့ ပက်ထရစ်ရှာမိခ်

 

"ဘယ်သူကမှ သေတ္တာထဲက မိန်းကလေးအကြောင်းကို မပြောကြဘူး။ ကျွန်တော်တို့ ရောက်သွားပြီး မေးမြန်းချိန်မှာတောင် မပြောကြဘူး" လို့ ကောင်တီငြိမ်ဝပ်ပိပြားရေးအရာရှိ ဂျက်ဖ်ရစ်ခ်ျဝိုင်က ပြောပါတယ်။

တာဝန်ရှိသူများက ကလေးငယ်ရဲ့ အခြေအနေကိုတော့ ထုတ်ဖော်ပြေကြားခြင်းမရှိသေးပါဘူး။

Source & Photos : the Sun

ကလေးကို အဲဒီလိုလုပ်တဲ့သူတွေကို ဘယ်လိုပြစ်ဒဏ်မျိုး ပေးသင့်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ