Odd News: ကြောက်မက်ဖွယ်အရာတစ်ခု ပါဝင်နေတဲ့ ဓာတ်ပုံ

ရေကန်ထဲမှာ ကောင်မလေးတစ်အုပ်ရေချိုးနေတဲ့ပုံမို့လို့ နာမည်ကြီးတာ မဟုတ်ပါဘူး။

play

 

အမှတ်တမဲ့ ကြည့်ရင်တော့ ဒီဓာတ်ပုံနာမည်ကြီးတာဟာ အဝတ်မဲ့မိန်းကလေးတစ်သိုက် ရေချိုးကြွေဇလုံထဲမှာ ရေချိုးနေလို့လို့ ထင်စရာရှိပါတယ်။ ဒါပေမဲ့ သူတို့ကြောင့် ဒီဓာတ်ပုံက နာမည်ကြီးနေတာ မဟုတ်ပါဘူး။

ကောင်မလေး ၅ ဦးနောက်ကို ကြည့်လိုက်တဲ့အခါ ပန်းရောင်နံရံနှစ်ခုကြားက ပြတင်းပေါက်မှာ ထိပ်လန့်ဖွယ် အရိပ်တစ်ခုကို မြင်တွေ့ရပါလိမ့်မယ်။

play

 

သေချာကြည့်လိုက်အချိန်မှာ ရေချိုးခန်းပြတင်းပေါက်ကနေ ယောက်ျားတစ်ယောက် ချောင်းကြည့်နေတဲ့ အရိပ်တစ်ခုကို တွေ့ရပါတယ်။

ရေချိုးခန်းထဲက အမျိုးသမီးတွေကတော့ သူတို့နောက်မှာ ဘာဖြစ်နေတယ်ဆိုတာကို လုံးဝသတိထားမိပုံမပေါ်ပါဘူး။ အဲဒီအရိပ်ကြောင့် အွန်လိုင်းပေါ်က လူထောင်ပေါင်းများစွာဟာ ဒီဓာတ်ပုံကို မျှဝေခဲ့ကြပါတယ်။

ဆက်စီကျတဲ့ ကောင်မလေးတွေပါဝင်ပေမဲ့ ကောင်မလေးတွေထက် တခြားစိတ်ဝင်စားစရာတစ်ခုကြောင့် နာမည်ကျော်ခဲ့တဲ့ ဓာတ်ပုံဟာ ဒီဓာတ်ပုံတစ်ပုံတည်း မဟုတ်ပါဘူး။

play

 

မကြာသေးမီကလည်း ကမ်းခြေမှာ ဘီကီနီဝတ် သူငယ်ချင်း ၅ ဦး ရိုက်ကူးထားတဲ့ ဓာတ်ပုံတစ်ပုံဟာ ရယ်စရာအချက်တစ်ချက်ကြောင့် နာမည်ကြီးသွားခဲ့ဖူးပါတယ်။ အဲဒီဓာတ်ပုံတုန်းကတော့ နောက်မှာ ရပ်ကြည့်နေတဲ့ အမျိုးသားရဲ့ အူတူတူမျက်နှာပေးအတိုင်း မိန်းကလေးတွေရဲ့မျက်နှာကို ဖိုတိုရှော့နဲ့ပြုပြင် ပြင်ဆင်လိုက်တဲ့အတွက် နာမည်ကျော်သွားတာ ဖြစ်ပါတယ်။

Source & Photos : the Sun

ဓာတ်ပုံထဲက လူတစ်ယောက်ချောင်းကြည့်နေတဲ့ အရိပ်ကို မြင်ပါသလား။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ