Odd News: ရည်းစားကို နှုတ်ဆက်ဖို့အတွက် ရုပ်ရှင်ဆန်ဆန် လေဆိပ်ထဲကို ကားနဲ့အတင်းဖြတ်ဝင်ခဲ့သူ

လေဆိပ်အဆောက်အအုံထဲကို ကားနဲ့အတင်းဖြတ်ဝင်ဖို့ ကြိုးပမ်းခဲ့တာပါ။

play

 

လေယာဉ်နဲ့ ထွက်ခွာတော့မယ့် ရည်းစားဖြစ်သူကို အမီလိုက်ဖို့အတွက် ရုရှားအမျိုးသားတစ်ဦးဟာ လေဆိပ်ထဲကို ရုပ်ရှင်ဆန်ဆန် ကားနဲ့ အတင်းဖြတ်ဝင်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

ရည်းစားဖြစ်သူကို အမီလိုက်ဖို့အတွက် လေဆိပ်မှာတစ်ဦးချင်း စစ်ဆေးတာကို မခံယူလိုဘဲ လေယာဉ်ထွက်ခွာရာ အဆောက်အအုံဘက်အခြမ်းတံခါးတွေကို အတင်းဖြတ်တိုက်ပြီး ဝင်ရောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်ဖြစ်ပွားချိန်မှာ နော့တ်ဒီနော့ဗ်လို့ခေါ်တဲ့ အဆိုပါအမျိုးသားဟာ အရက်တွေလည်း သောက်စားထားခဲ့ကြောင်း သိရပါတယ်။

 

" ကျွန်တော်အချစ်အတွက် တိုက်ပွဲဝင်ခဲ့ရတာပါ။ လေဆိပ်ပလက်ဖောင်းပေါ်ရောက်ဖို့ ကြိုးစားခဲ့တာပါ" လို့ ယင်းအမျိုးသားက တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။ ဗီဒီယိုရုပ်သံမှတ်တမ်းအရ ကားနဲ့အတင်းဖြတ်ဝင်ဖို့ ကြိုးစားသူကို လေဆိပ်လုံခြုံရေး အရာရှိတွေက ခက်ခက်ခဲခဲ တားဆီးခဲ့ရပါတယ်။ လေဆိပ်အတွင်း ဖြစ်ပွားခဲ့တဲ့ ယင်းမတော်တဆ ဖြစ်ရပ်မှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာတော့ မရခဲ့ပါဘူး။ ကာဇန်လေဆိပ်မှာ ဥပဒေချိုးဖောက်တဲ့အတွက် နော့တ်ကို တရားရုံးက ထောင်ဒဏ် ၁၅ ရက်ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ