Odd News: မင်္ဂလာပွဲ ပရိသတ်များက သတို့သမီးကို အိပ်ရာပေါ်မှာ ဗလက္ကာယလုပ်သည့် ဖြစ်ရပ်

အနည်းဆုံး အမျိုးသား ၇ ဦးပါဝင်တဲ့ အဖွဲ့က ဒီလိုလုပ်တဲ့ မြင်ကွင်းကို ဗီဒီယိုရိုက်ထားခဲ့တာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက မင်္ဂလာသတို့သမီးတစ်ဦးဟာ မင်္ဂလာပွဲလာ အမျိုးသားဧည့်ပရိသတ်အချို့ရဲ့ ကိုယ်ထိလက်ရောက် အတင်းဓမ္မ ဗလက္ကာယ ပြုကျင့်ခြင်းကိုခံခဲ့ရတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

play

 

ဗီဒီယိုဖိုင်မြင်ကွင်းအရ မင်္ဂလာပွဲကိုလာရောက်ကြသူ ပရိသတ်တွေလို့ ယူဆရတဲ့ အမျိုးသားတွေဟာ သတို့သမီးတစ်ဦးတည်းကို အိပ်ရာပေါ်မှာ ဝိုင်းဝန်းအနိုင်ကျင့်ခဲ့ကြတာဖြစ်ပါတယ်။ စက္ကန့်ပိုင်းသာကြာတဲ့ ဗီဒီယိုဖိုင်ဖြစ်ပေမဲ့ မြင်ကွင်းထဲမှာတော့ သတို့သမီးဟာ ကယ်သူမဲ့နေပြီး ဒီလိုမလုပ်ကြဖို့ အော်ဟစ်နေခဲ့ပါတယ်။ သတို့သမီးကို စနောက်နေကြတဲ့ လုပ်ရပ်လို့ ယူဆရပေမဲ့ အနည်းဆုံး အမျိုးသား ၇ ဦးပါဝင်တဲ့ အဖွဲ့ဟာ အမျိုးသမီးကို အိပ်ရာထဲက မထနိုင်အောင်ချုပ်ထားခဲ့ကြတာတွေ့ရပါတယ်။

သတို့သမီးဟာ ရုန်းကန်နေခဲ့ပေမဲ့ အမျိုးသားတစ်ဦးက သူမရဲ့လက်တွေကို ချုပ်ထားခဲ့ပြီး အချို့ကလည်း သူမရဲ့ ရင်သားနေရာမှာရှိတဲ့ အင်္ကျီကို ဆွဲဖြုတ်ဖို့ ကြိုးစားနေခဲ့ကြတာတွေ့ရပါတယ်။ သူမကတော့ ရင်ဘတ်နေရာကို အရှက်လုံဖို့သာ ကြိုးစားနေခဲ့ရတာ တွေ့ရပါတယ်။

play

 

အဆိုပါ ဗီဒီယိုဖိုင်ဟာ တရုတ်လူမှုကွန်ရက်တစ်ခုဖြစ်တဲ့ Miaopai မှာ လူတစ်ဦးက ဝေမျှခဲ့တာဖြစ်ပြီး ကြည့်ရှုသူ နှစ်သန်းကျော်သွားခဲ့ပြီဖြစ်ပါတယ်။ လူမှုကွန်ရက်သုံးစွဲသူ အများစုကတော့ ဒီမြင်ကွင်းကို ရှုတ်ချခဲ့ကြပြီး " ဒီလူတွေ မိန်မ မမြင်ဖူးဘူးလား" လို့ မှတ်ချက်ပေးဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ