Odd News: မြင်းပုလိုချင်တာ နွားပဲရလို့ နွားကိုမြင်းလိုစီးနေတဲ့မိန်းကလေး

"မြင်းကိုတောင် စီးလို့ရတယ်ဆို နွားကိုဘာလို့စီးလို့မရနိုင်ရမှာလဲ?"

play

 

နယူးဇီလန်နိုင်ငံက နွားမွေးမြူရေးခြံတစ်ခြံက ဟန်နာစင်ပ်ဆန်ဆိုတဲ့ ကောင်မလေးဟာ နွားတစ်ကောင်ကို မြင်းအမှတ်နဲ့ နေ့စဉ်စီးနင်းနေသူဖြစ်ပါတယ်။ မြင်းစီးရမယ့်အစား နွားကို မြင်းလိုစီးနင်းနေတဲ့ မိန်းကလေးက "မြင်းကိုတောင် စီးလို့ရတယ်ဆို နွားကိုဘာလို့စီးလို့မရနိုင်ရမှာလဲ?" လို့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပြန်ပါသေးတယ်။

သူမရဲ့အသက် ၁၁ နှစ်ပြည့်တုန်းက မွေးနေ့လက်အဆောင်အဖြစ် မြင်းပုလေးတစ်ကောင်လောက်ရဖို့ တောင်းဆိုခဲ့ပေမဲ့ မရခဲ့ပါဘူး။ အဲဒါအစား နွားတစ်ကောင်ကို ရခဲ့လို့ နွားလေးကိုပဲ မြင်းလိုစီးလာလိုက်တာ သူမရဲ့အသက် ၁၈ နှစ်အထိတောင် ရောက်လာခဲ့ပါပြီ။ သူမရဲ့နွားလေးကို လိုင်လာလို့ အမည်ပေးထားပြီး လိုင်လာနဲ့ဟန်နာကြားမှာ အတော်ရင်းနှီးတဲ့ နားလည်မှုမျိုးရထားပါတယ်။

play

 

ဟန်နာက လိုင်လာကို မြင်းတစ်ကောင်လို ခုန်တတ်အောင် သင်ပေးထားပါတယ်။ လိုင်လာသာ စိတ်ပါလက်ပါရှိတဲ့အချိန်မျိုးဆို ၁.၄ မီတာ မြင့်တဲ့ တန်းကိုတောင် ခုန်နိုင်ပါသတဲ့။ မြင်းတစ်ကောင်ရလာချိန်မှာတောင်မှ ဟန်နာက လိုင်လာကိုပဲ ရွေးချယ်စီးနင်းနေခဲ့ပါတယ်။ လိုင်လာကလည်း ဟန်နာကိုကျောပေါ်တင်ဆောင်ရင်း မြင်းတစ်ကောင်လို ပြေးလွှား ခုန်ကျော်ရတာ ပျော်ရွှင်နေလေရဲ့။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ