Odd News: ဧည့်သည်တွေကို လက်ဖက်ရည်ဖိုးကောက်တဲ့ မင်္ဂလာဆောင်

လက်ဖက်ရည်တစ်ခွက်ကို ၂.၅ ပေါင် (မြန်မာငွေ ၅၀၀၀ ကျပ်ခန့်) ကောက်ခံပါတယ်။

play

 

အင်္ဂလန်နိုင်ငံမှာ ကျင်းပတဲ့ မင်္ဂလာဆောင်တစ်ခုမှာ ဧည့်သည်အမျိုးသမီးတစ်ဦးက သူမကို လက်ဖက်ရည်တစ်ခွက် ၂.၅ ပေါင် (မြန်မာငွေ ၅၀၀၀ ကျပ်ခန့်) ကောက်ခံလိုက်တာကို အံ့သြတကြီးနဲ့ သိရှိခဲ့ရပါတယ်။

အဆိုပါဧည့်သည်အမျိုးသမီးဟာ မင်္ဂလာဆောင်မှာ စားသောက်မှုအတွက် ပိုက်ဆံပေးရတဲ့အတွက် သူမဒေါသထွက်တာ သဘာဝကျရဲ့လားလို့ အွန်လိုင်းကနေ မေးမြန်းခဲ့တာဖြစ်ပါတယ်။

play

 

"မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကိုတက်ခဲ့တယ်။ အရမ်းကို ဆင်းရဲပြီး ကပ်စေးနဲတဲ့ မင်္ဂလာဆောင်လို့ ကျွန်မခံစားရတယ်။ သူတို့က လက်ဖက်ရည်နဲ့ ကော်ဖီတွေ သောက်တဲ့အတွက် ပိုက်ဆံကောက်တယ်။ မင်္ဂလာဆောင်ကို လာတဲ့ဧည့်သည်တွေကို ကျွေးမွေးရမှာမဟုတ်ဘူးလား။ ဘားတစ်ခုလုံး ကြိုက်တာစား အလကားရမယ်လို့ မမျှော်လင့်ပါဘူး။ ဒါပေမဲ့ ဝိုင်တစ်ခွက်နဲ့ ဖျော်ရည်လောက်တော့ တိုက်သင့်တယ် မဟုတ်လား" လို့ သူမက ရေးသားထားပါတယ်။

play

 

ယင်းအမျိုးသမီးဟာ မင်္ဂလာဆောင်က ချောကလက်ဘားမှာ ကပ်ထားတဲ့စာကိုလည်း ဓာတ်ပုံရိုက်ပြီး မျှဝေခဲ့ပါတယ်။

အများစုက မင်္ဂလာဆောင်မှာ ဒါမျိုးလုပ်တာ မကောင်းဘူးလို့ ဆိုရင်း အမျိုးသမီးကို ထောက်ခံကြပေမဲ့ တချို့ကတော့ သတ်မှတ်ထားတဲ့ စည်းမျဉ်းတစ်ခု ရှိနိုင်တယ်လို့ ထင်ကြပါတယ်။

Source & Photos : Daily Mail

မင်္ဂလာဆောင်မှာ လက်ဖက်ရည်ဖိုးတောင်းတာကို ဘယ်လိုထင်ပါသလဲ။»

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ