Odd News: ကြက်ဆင်တစ်ကောင်လုံးစားပြီး ပစ်လဲသွားတဲ့ ခွေးလေး

မိသားစုက ခရစ္စမတ်ညစာအဖြစ် ရည်ရွယ်ထားတဲ့ ကြက်ဆင်ပါ။

play

 

လောဘကြီးလွန်းလှတဲ့ ခွေးလေးဟာ သခင် မိသားစုရဲ့ ခရစ္စမတ်ညစာကို ခိုးစားပစ်ပြီး ကြမ်းပေါ်မှာ လဲကျသွားကာ လှုပ်တောင်မလှုပ်နိုင်တော့အထိ ဖြစ်သွားခဲ့ပါတယ်။

မိသားစုဟာ ခွေးလေး လဲကျသွားပြီး မလှုပ်နိုင်ဖြစ်တာ ဘာကြောင့်မှန်း ချက်ချင်းမသိခဲ့ကြပါဘူး။

play

 

ခွေးလေးဟာ ကြက်ဆင်ရဲ့ရင်ပုံသားအနည်းငယ်သာ ချန်ထားခဲ့ပြီး လူ ၃ ယောက်စာအသားတွေကို တစ်ကောင်တည်း အကုန်စားးပစ်ခဲ့တာပါ။

play

 

ခွေးမလေးရဲ့ပိုင်ရှင်တွေက ခွေးလေးရဲ့ပုံမှန်အရွယ်အစားနဲ့ ကြက်ဆင်သားစားပြီးတဲ့နောက် ဖြစ်သွားခဲ့ ခန္ဓာကိုယ်ကို တွစ်တာပေါ်မှာ  တင်ခဲ့ရာ Like ၂၄,၀၀၀ ရရှိပြီး ပြန်လည်မျှဝေသူ တစ်သောင်းတောင် ရှိခဲ့ပါတယ်။

ခွေးပိုင်ရှင် ဒေးဗစ်မျှဝေထားတဲ့ ခွေးလေးရဲ့ ပုံအောက်မှာ တစ်ဦးက "အခု သူ့ကိုယ်လုံးက ကြက်ဆင်လိုဖြစ်သွားပြီ" လို့ ဟာသနှောပြီး ရေးသားခဲ့ပါတယ်။

ကံကောင်းစွာပဲ ခွေးလေး ဘက်ဘာရဲ့ ပိုင်ရှင်တွေဟာ ကြက်ဆင်တစ်ကောင်အစားပြန်ရှာနိုင်ခဲ့တဲ့တွက် သူတို့ရဲ့ခရစ္စမတ်နေ့က ပျက်စီးမသွားခဲ့ပါဘူး။

Source & Photos : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ