Odd News: အရက်နာကျခြင်းကို ကုသတဲ့ ကမ္ဘာတစ်လွှားက ဆန်းပြားတဲ့ နည်းလမ်းများ

, updated

တစ်ရွာတစ်ပုဒ်ဆန်းဆိုတဲ့ ဆိုရိုစကားလိုပါပဲ။

play

 

ညဘက်မှာ အလွန်အကျွံတွေ သောက်ပြီး ပျော်ပါးခဲ့ရပေမဲ့ မနက်ကျတော့ ခေါင်းကိုက်တဲ့ဝေဒနာနဲ့ နိုးထရတဲ့ ဆိုးရွားတဲ့ အတွေ့အကြုံကို ကမ္ဘာအနှံ့အပြားက လူတော်တော်များများ ကြုံတွေ့ရပါတယ်။ အဲဒီအတွက် ကမ္ဘာတစ်ဝန်းလုံးမှာ သူ့အရပ်နဲ့ သူ့ဇာတ် ထူးခြားတဲ့ ကုသတဲ့နည်းတွေ ရှိနေတာကို တွေ့ရှိပါတယ်။

၁။ ဟေတီ - မှော်ပညာနဲ့ကုသခြင်း

ဟေတီနိုင်ငံသားတွေကတော့ အရက်နာကျလို့ ခေါင်းကိုက်တဲ့အတွက် အရက်ပုလင်းကို အပြစ်ပေးကြပါတယ်။ ပုလင်းရဲ့ဖော့ဆို့မှာ အနက်ရောင် အပ် ၁၃ ချောင်း ထိုးစိုက်ခြင်းအားဖြင့် နာကျင်ကိုက်ခဲမှုတွေ ပျောက်တယ်လို့ ယုံကြည်ထားကြပါတယ်။

၂။ အက်စ်တိုးနီးယား - ဗော့ကာခြေအိတ်

အက်စ်တိုးနီးယားရဲ့အယူအဆကတော့ ခြေအိတ်တွေနဲ့ ကုသခြင်းပါပဲ။ ခြေအိတ်တွေကို ဗော့ကာနဲ့ ရေနွေးထဲမှာ စိမ်ရတာဖြစ်ပါတယ်။ ပြီးတော့ အဲဒီခြေအိတ်တွေကို ပြန်ဝတ်ပြီး လက်ဖက်ရည်ကြမ်းတစ်ခွက် သောက်ပါတယ်။

၃။ အမေရိက - ပြေးခြင်း

အမေရိကန်နိုင်ငံသားတွေကတော့ အရက်နာကျခြင်းကို ကုသဖို့အတွက် ချွေးထွက်ဖို့လိုတယ်လို့ ယူဆကြပါတယ်။ ဒါကြောင့် ချွေးထွက်အောင် ပြေးကြပါတယ်။

play

 

၎။ ဗီယက်နမ် - နဖူးမှာ တိတ်ကပ်ခြင်း

ဗီယက်နမ်နိုင်ငံသားတွေကတော့ နဖူးပေါ်က အပ်စိုက်ကုထုံးနဲ့ ကုသတဲ့နေရာတွေကို တိတ်တွေကပ်ထားလိုက်ရင် နာကျင်ကိုက်ခဲမှု သက်သာနိုင်တယ်လို့ အယူရှိပါတယ်။

၅။ ဟမ်ဂေရီ - စာကလေးကို အရက်ခွက်ထဲ မစင်စွန့်ခိုင်းခြင်း

ဟမ်ဂေရီရဲ့အယူအဆရ စာကလေးတစ်ကောင်ကို ဘရန်ဒီခွက်ထဲ မစင်စွန့်အောင် ပြုလုပ်နိုင်ရင်တော့ သင့်ရဲ့ကိုက်ခဲမှုတွေအားလုံး ပျောက်သွားမယ်လို့ ဆိုပါတယ်။

၆။ တောင်အာဖရိက - ဆိတ်ဦးနှောက်

တောင်အာဖရိကရဲ့နည်းလမ်းကတော့ ဘီယာ ဒါမှဟုတ်နာမည်ကြီး ဝိုင်ထဲကို ဆိတ်ဦးနှောက်ထည့်ပြီး သောက်တယ်လို့ ဆိုပါတယ်။

play

 

၇။ ရှေးရောမ - စာဝါငှက်ကြွပ်ကြော်

စာဝါငှက်ကြွပ်ကြော်ကို စားရင် ဗိုက်ထဲမှာ မအီမသာဖြစ်တာတွေ သက်သာတယ်လို့ သူတို့တွေက ယုံကြည်ကြပါတယ်။

၈။ အီတလီ - နွားဘောခြောက်

နွားထီးရဲ့လိင်အင်္ဂါကို ကိုက်ဝါးခြင်းက အရက်နာကျခြင်းကို ကုသပေးနိုင်တယ်လို့ အယူအဆရှိပါတယ်။ ဒါပေမဲ့ အရင်ဆုံး အခြောက်ခံထားဖို့ လိုပါတယ်။

၉။ အလယ်ခေတ် အင်္ဂလန် - ငါးရှဥ့်အစိမ်းနဲ့ မက်မွန်သီး

ဒီနည်းကိုတော့ သွားမစမ်းဖို့ သတိပေးလိုက်ပါရစေ။ အင်္ဂလန်မှာလည်း ဒီနည်းဟာ အလယ်ခေတ်လောက်ကသာ ရှိခဲ့ပြီး အခု လုံးဝမသုံးကြတော့ပါဘူး။

Source & Photos : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ