Odd News: ခွေးပြန်ပေးဆွဲခံရပြီး ပေါင် ၁၃၀၀ နှင့်မရွေးလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခံရ

ခွေးကိုပြန်လာမရွေးရင် သစ်ပင်မှာ ကြိုးနဲ့ဆွဲပစ်သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

play

 

မိသားစုတစ်စုရဲ့ အချစ်တော်ခွေးတစ်ကောင်ကို ပြန်ပေးဆွဲသွားပြီးနောက် ပေါင်တစ်သောင်းသုံးထောင်ပေးမှ ခွေးရဲ့အသက်ကို ချမ်းသာပေးမယ်ဆိုတဲ့ ဖြစ်ရပ်တစ်ခု ဗြိတိန်မှာ ဖြစ်ပွားခဲ့ပါတယ်။

play

 

ခရစ္စမတ်ကာလမရောက်ခင် ရက်ပိုင်းအလိုမှာ အဆိုပါခွေးဟာ ပြန်ပေးဆွဲခံခဲ့ရတာပါ။ ခွေးပိုင်ရှင် မိသားစုက ပေါင်တစ်သောင်းသုံးထောင်နဲ့ ပြန်မရွေးဘူးဆိုရင် ခွေးကို နီးစပ်ရာသစ်ပင်မှာ ကြိုးဆွဲချပြီး သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာ လက်ခံရရှိခဲ့ပါတယ်။ ခွေးပိုင်ရှင် ဂျွိုင်းဟာ သူ့ရဲ့ခွေးပျောက်သွားပြီးနောက် အလွန်ပူပင်သောက ရောက်ခဲ့ပြီး ခွေးပြန်တွေ့အောင် ရှာပေးနိုင်သူကို ပေါင် ၄၀၀၀ ပေးမယ်လို့ ဖေ့စ်ဘွတ်မှာ ကြေငြာခဲ့တာဖြစ်ပါတယ်။

play

 

အဲဒီကြေညာချက် တက်လာပြီးနောက်ပိုင်းမှာ ခွေးပြန်ပေးဆွဲတဲ့ ခြိမ်းခြောက်စာကို လက်ခံရရှိခဲ့တာပါ။ အခုထိတိုင် ခွေးပိုင်ရှင် ဂျွိုင်းတို့ မိသားစုဟာ ခြိမ်းခြောက်စာ လက်ခံရရှိနေဆဲဖြစ်ပြီ ခွေးကိုပေါင် တစ်သောင်းသုံးထောင်နဲ့ ပြန်ရွေးဖို့ တောင်းဆိုခံနေရပါတယ်။

Source : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ