Odd News: ပူဖောင်းကို အကြောက်လွန်တဲ့ရောဂါ ခံစားခဲ့ရသူ

မွေးနေ့ပွဲတွေဆိုရင်တော့ လုံးဝကို ရှောင်ကြဉ်ခဲ့ရပါတယ်။

play

 

အချို့လူတွေမှာ တစ်စုံတစ်ခုကို အလွန်အမင်းကြောက်တတ်တဲ့ အကြောက်လွန်ရောဂါမျိုး ရှိတတ်ကြပါတယ်။ အင်္ဂလန်သူ လီဆာ ပေါ်တာကတော့ ထူးထူးဆန်းဆန်းဆိုသလိုပဲ ပူဖောင်းတွေကို ကြောက်ပါသတဲ့။ ပူဖောင်းတွေကိုမြင်ရုံနဲ့တင် ကြောက်လန့်နေပြီး ချွေးတွေထွက်ကာ ငိုကြွေးတဲ့ သူမအဖြစ်က ရယ်ရခက် သနားရခက်ပါပဲ။

play

 

ပေါ်တာရဲ့ ပြောပုံအရ သူမ ငယ်ငယ်တုန်းကတော့ ပူဖောင်းတွေနဲ့တောင် ဆော့ခဲ့ဖူးတာကို မှတ်မိတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူမ ဆယ်ကျော်သက်အရွယ်ရောက်လာချိန်မှာတော့ ပူဖောင်းတွေကို အသည်းအသန် ကြောက်လန့်နေမိပါတယ်။ မိတ်ဆွေတွေက မင်္ဂလာပွဲတွေဖိတ်ရင်လည်း ပူဖောင်းတွေ ရှိ၊ မရှိ မေးပြီးမှ သွားရောက်ပါသတဲ့။ မွေးနေ့ပွဲတွေဆိုရင်တော့ လုံးဝကို ရှောင်ကြဉ်ခဲ့ရပါတယ်။

play

ယခု သူမရဲ့အသက် ၃၆ နှစ်ကို ရောက်လာတော့မှ ပူဖောင်းတွေကို အကြောက်လွန်တာ ပျောက်သွားပါတော့တယ်။ ကုသနည်းပေါင်းစုံ ကုထုံးပေါင်းစုံနဲ့ ကုခဲ့ပြီးမှ ပူဖောင်းတွေကို မကြောက်တော့တာပါ။ အောက်တိုဘာလမှာတော့ ဟိုက်ပိုသရပီကုထုံးပညာရှင်တစ်ဦးနဲ့ Skype ကတစ်ဆင့် ကုသမှုခံယူခဲ့တာဖြစ်ပါတယ်။ တစ်နာရီကို ပေါင် ၂၀၀ ပေးကာ ကုသမှုခံယူခဲ့ပြီးနောက် ခုဆို ပူဖောင်းတွေရှိလည်း မကြောက်ရတော့ဘူးလို့ လီဆာပေါ်တာက ပြောပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ