AD
AD
AD

တိုက်ပေါ်ကခုန်ချပြီးသေကြောင်းကြံဖို့ ကြိုးစားတဲ့ ဇနီးသည်ကို သူ့ရဲ့ခင်ပွန်းဖြစ်သူက သက်စွန့်စံဖျား ကယ်တင်လိုက်တဲ့အတွက် အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း သိရပါတယ်။

play

 

တရုတ်နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်ရပ်ဟာ တရုတ်ပြည်တွင်းအသုံးပြုကြတဲ့ လူမှုကွန်ယက်တွေပေါ်မှာ ပျံ့နှံ့လာတာ ဖြစ်ပါတယ်။ တိုက်ပေါ်က ခုန်ချပြီးသေကြာင်းကျန်ခဲ့ပေမယ့် ခင်ပွန်းဖြစ်သူက အချိန်မီဆွဲထားလိုက်လို့ အဆိုပါဇနီးသည်ဟာ အောက်ကို ကျမသွားခဲ့ပါဘူး။ ဒါပေမယ့် ခင်ပွန်းသည်ဟာ ဇနီးသည်ကို လှမ်းဆွဲထားရာမှာ ခန္ဓာကိုယ်ကိုမိမိရရ ဆုပ်ကိုင်ထားနိုင်ခဲ့တာမဟုတ်ပဲ ဆံပင်ကိုသာ ဆွဲထားနိုင်ခဲ့တာဖြစ်ပါတယ်။

play

 

ဇနီးသည်ဟာ ဆံပင်ဆွဲခံထားရပြီး တိုက်ခေါင်းမိုးစွန်းမှာ တန်းလန်းဖြစ်နေချိန် ရဲတပ်ဖွဲ့ဖွဲ့နဲ့ အရေးပေါ်ဌာနဝန်ထမ်းတွေက လာရောက်ကယ်ဆယ်ခဲ့ရတာဖြစ်ပါတယ်။ နောက်ထပ်ကယ်ဆယ်သူတွေသာ အချိန်မီ ရောက်မလာခဲ့ရင် ဆံပင်ဆွဲထားတဲ့ ခင်ပွန်းသည်ရဲ့လက်က အမျိုးသမီးဟာ အောက်ပြုတ်ကျပြီးသေဆုံးရမှာဖြစ်ပါတယ်။ ဗီဒီယိုဖိုင်မြင်ကွင်းအရ ဇနီးသည်ဟာ ခင်ပွန်းသည်ရဲ့ လက်ထဲမှာ အသည်းယားစရာ ဖြစ်နေခဲ့ပြီး ရဲအရာရှိတွေကလည်း ချက်ခြင်းကယ်ဆယ်ဖို့ တိုက်ခေါင်မိုးအစွန်းကို ဆင်းခဲ့ကြတာတွေ့ရပါတယ်။

play

 

ဇနီးသည်က သူမကို သွားခွင့်ပေးပါဆိုပြီး ခင်ပွန်းကို လက်လွှတ်ချလိုက်ဖို့ တောင်းဆိုနေခဲ့သံလည်း ကြားခဲ့ရပါတယ်။ ဒါပေမယ့်လည်း ရဲအရာတွေရဲ့ပူးပေါင်းကြိုးပမ်းမှုအရ အဆိုပါအမျိုးသမီးကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။

 

သေကြောင်းကြံမယ့်သူ သင့်ရှေ့ရောက်နေရင် ဘာတွေလုပ်သင့်လဲ

  • သူ့ကို တစ်ယောက်တည်း မထားခဲ့ပါနဲ့
  • သေကြောင်းကြံရာမှာ သူအသုံးပြုနိုင်တဲ့ လက်နက်အပါအဝင် အခြားအရာဝတ္ထုပစ္စည်းတွေကို ခပ်ဝေးဝေးမှာ ထားလိုက်ပါ။
  •  သူ့ကို အခြားတစ်နေရာ ခေါ်သွားနိုင်အောင် စကားပြောကြည့်ပါ။ ကြိုးပမ်းကြည့်ပါ။
  • သူအနားအကပ်မခံဘူးဆိုရင် အရေးပေါ်ဌာနနဲ့ မီးသတ်ဌာန၊ ရဲစခန်းတွေကို ဖုန်းဆက်အကူအညီတောင်းပါ။ ပတ်ဝန်းကျင်းကို အကူအညီတောင်းပါ။

Source : Shanhai

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD