ဗီယက်နမ်နိုင်ငံ တောင်ပိုင်း ကျေးလက်ဒေက မိန်းမခိုးပွဲတော်အကြောင်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။

ဗီယက်နမ်လူငယ်တွေအကြားမှာ ရေပန်စားတဲ့ပွဲတော်တစ်ခုဖြစ်ပြီး ဥပဒေအရ တရားမဝင်ပေမယ့် ဒေသရဲ့ဓလေ့ထုံတမ်းအစဉ်အလာ တစ်ခုလို ဖြစ်နေခဲ့တာပါ။ အထူးသဖြင့် ဗီယက်နမ်တောင်ပိုင်းဒေသမှာ အဆိုပါဓလေ့ဟာ လူငယ်တွေအကြား ခေတ်စားလျှက်ရှိပါတယ်။ လူငယ်တစ်ဦးဟာ သူသဘောကျနေတဲ့ မိန်းကလေးကို အတင်းဓမ္မခေါ်ဆောင် ခိုးပြေးခြင်း၊ ဒါမှမဟုတ် ပြန်ပေးဆွဲခြင်းပြုလုပ်တဲ့ဓလေ့ဖြစ်ပါတယ်။ လူငယ်တစ်ဦးက သူသဘောကျတဲ့ အပျိုတစ်ဦးကို အတင်းဓမ္မခေါ်ဆောင်သွားခဲ့ပြီဆိုရင် အဆိုပါမိန်းမပျိုဟာ ယင်းလူငယ်ကို လက်ထပ်လိုက်ရမှာဖြစ်ပါတယ်။

 

ဒီဓလေ့ထုံးတမ်းအစဉ်အလာဟာ အငြင်းပွားဖွယ်ဖြစ်နေပေမယ့် တရုတ်နဲ့ထိစပ်နေတဲ့ ဗီယက်နမ်တောင်ပိုင်းဒေသမှာ အခုချိန်ထိ တွင်ကျယ်နေဆဲ ဖြစ်ပါတယ်။ လူငယ်အချို့က မိန်းကလေးတွေကို အတင်းဓမ္မခေါ်ဆောင်နေကြတဲ့ မြင်ကွင်းကို ဗီဒီယိုဖိုင်ရိုက်ကူးပြီး ဒေသခံအချို့က လူမှုကွန်ယက်မှာ ဖြန့်ဝေခဲ့လို့ ပိုပြီးနာမည်ကြီးလာတာဖြစ်ပါတယ်။ မိန်းကလေးငယ်တစ်ဦးကို အမျိုးသားတစ်စုက အတင်းဓမ္မ ဆိုင်ကယ်နဲ့ခေါ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ဗီဒီယိုဖိုင်ဟာလည်း Youtube မှာနာမည်ကျော်လျှက်ရှိပါတယ်။ ဗီယက်နမ်တောင်ပိုင်းက ငုအမ်းဆိုတဲ့ အရပ်မှာ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသခံမီဒီယာအချို့က ရေးသားကြပါတယ။်

play

 

အတင်းဓမ္မခေါ်ဆောင်သွားခြင်းခံရတဲ့ မိန်းမပျိုဟာ လွတ်မြောက်အောင် ကြိုးစားခွင့်ရှိပြီး အမျိုးသားလက်က လွတ်မြောက်ခဲ့မယ်ဆိုရင်တော့ သူ့ဘဝကို ရှေ့ဆက် လွတ်လွတ်လပ်လပ်ဆက်ပြီး ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဗီယက်နမ်ကျေးလက်အချို့မှာတော့ လူငယ်အမျိုးသားတွေဟာ အုပ်စုလိုက်အင်အားသုံးပြီး အမျိုးသမီးငယ်တွေကို  အတင်းခေါ်ဆောင်သွားလေ့ရှိတာ တွေ့ရပါတယ်။

Source : Tuoitre

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video