ဝက်ပေါက်လေးတစ်ကောင်ကို စားသောက်ပစ်လိုက်တဲ့အတွက် စပါးကြီးမြွေတစ်ကောင်ဟာ တောဝက်အုပ်ကြီးရဲ့ လက်တုန့်ပြန်မှုကို ခံလိုက်ရပါတယ်။

 

ဗီဒီယိုဖိုင်မြင်ကွင်းထဲမှာတော့ အနည်းဆုံး ရှစ်ကောင်လောက်ရှိမယ့် တောဝက်အုပ်ဟာ သူတို့ရဲ့မျိုးနွယ်ဝက်ပေါက်ကလေးကို စားသောက်ပစ်လိုက်တဲ့အတွက် စပါးကြီးမြွေကြီးကို သည်းကြီးမဲကြီး လက်တုန့်ပြန်နေတာဖြစ်ပါတယ်။ တောဝက်အုပ်ကြီးရဲ့ သည်းကြီးမဲကြီး တိုက်ခိုက်မှုကြောင့် စပါးကြီးမြွေဟာ လွတ်မြောက်ရာလမ်းကို မရှာနိုင်ခဲ့ပါတယ်။

play

 

ချွန်ထက်လှတဲ့ အစွယ်တွေကို ပိုင်ဆိုင်ထားတဲ့ တောဝက်တွေဟာ အဲဒီအစွယ်တွေနဲ့ ရှစ်ပေလောက်ရှည်လျားတဲ့ စပါးကြီးမြွေကြီးကို တိုက်ခိုက်နေခဲ့တာဖြစ်ပါတယ်။ အကောင်ကြီးကြီး စပါးကြီးမြွေကြီးကို ဝိုင်းပြီးတိုက်ခိုက်နေကြတဲ့အချိန်မှာ ဝက်ပေါက်ငယ်လေးတွေကလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာ ဗီဒီယိုဖိုင်ထဲမှာ တွေ့ရပါတယ်။

play

 

ဗီဒီယိုအနီးကပ်ရိုက်ကူးလိုက်တဲ့အချိန်မှာ စပါးကြီးမြွေရဲ့ဝမ်းဗိုက်အလယ်မှာ အစာမျိုထားလို့ဖောင်းနေတာကိုလည်းသဲသဲကွဲကွဲ  တွေ့လိုက်ရပါတယ်။ ဒေါသထွက်နေတဲ့ တောဝက်အုပ်ကြီးဟာ အဆိုပါစပါးကြီးမြွေကို သေဆုံးတဲ့အထိ တိုက်ခိုက်လိုက်နိုင်တယ်လို့ ယူဆရပါတယ်။

play

 

ဒါပေမယ့် အဆိုပါအဖြစ်အပျက် ထိုင်းနိုင်ငံအရှေ့ဘက်အခြမ်း လာအိုနိုင်ငံနဲ့ နယ်စပ်ဒေသနားမှာ ဖြစ်ပွားခဲ့တာလို့ ယူဆရကြောင်း Daily Mail သတင်းစာက ဖော်ပြထားပါတယ်။ အခုတစ်ကြိမ်လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး မီဒီယာအချို့က ပြန်လည်မျှဝေထားတာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video