အင်စတာဂရမ်ပေါ်က နာမည်ကျော် ရုရှားမော်ဒယ်တစ်ဦးဟာ မိုးမျှော်အဆောက်အဦပေါ်မှာ အသည်းယားဖွယ်ရိုက်ပြ ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကြောင့် ဝေဖန်မှုများစွာ ကြုံတွေ့နေရကြောင်း သိရပါတယ်။

play

 

ဗစ်ကီအိုဒင်ဆိုဗာဆိုတဲ့ အမျိုးသမီးမော်ဒယ်တစ်ဦးဟာ အင်စတာဂရမ်မှာ ပရိသတ် သုံးသန်းကျော် ရှိသူတစ်ဦးဖြစ်ပါတယ်။ သူမရဲ့ကောက်ကြောင်းအလှပုံတွေကြောင်း အင်စတာဂရမ်မှာနာမည်ကျော်နေသူပါ။ အခုတော့ ကောက်ကြောင်းအလှပုံတွေထက်ပိုပြီးစိတ်ဝင်စားစရာ ကောင်းတဲ့ ဗီဒီယိုဖိုင်တစ်ခုကို တင်နိုင်ခဲ့တာဖြစ်ပါတယ်။

play

 

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုဒင်ဆိုဗာဟာ အမျိုးသားမိတ်ဆွေတစ်ဦးရဲ့ အကူအညီနဲ့ ဘာကိရိယာမှာမပါပဲ မိုးမျှော်တိုက်အစွန်းမှာ တန်းလန်းနေပြခဲ့တာဖြစ်ပါတယ်။ တကယ်လို့ သူမကို ကူညီပေးခဲ့တဲ့ အမျိုးသားရဲ့လက်သာ ခိုင်မြဲစွာ မစွဲထားနိုင်ခဲ့ဘူးဆိုရင် အိုဒင်ဆိုဗာဟာ ပေတစ်ထောင်အမြင့်ရှိတဲ့ တိုက်ပေါ်ကနေ အောက်ကို ပြုတ်ကျသွားမှာ ဖြစ်ပါတယ်။ အခုပါဗီဒီယဖိုင်အရ သူမဟာ အသက်နဲ့ရင်းပြီး ရိုက်ကူးခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။

Full video (link in bio)! @a_mavrin #MAVRINmodels #MAVRIN #VikiOdintcova #Dubai

A post shared by VIKI ODINTCOVA (@viki_odintcova) on

 

အိုဒင်ဆိုဗာဟာ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အဦတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့ ဒူဘိုင်းက ကာယန်မိုးမျှော်တိုက်ပေးမှာ ဒီလိုစွန့်စားပြခဲ့တာဖြစ်ပြီးအ အဲဒီတိုက်ဟာစုစုပေါင်း ပေ ၁၀၀၄ ပေ မြင့်မားတယ်လို့ သိရပါတယ်။ အဲဒီစွန့်စားခန်းကို ရိုက်ကူးစဉ်ကသူမဟာ အတော်လေးထိတ်လန့်တုန်လှုပ်မိခဲ့တယ်လို့ အိုဒင်ဆိုဗာက ဝန်ခံပြောကြားပါတယ်။ သူမဒီဒီယိုကို အင်စတာဂရမ်မှာတင်ခဲ့ပြီးတဲ့နောက် သူမရဲ့ Follower အများစုက မိုက်မဲတဲ့ မိန်းကလေးလို့ ဝေဖန်ကြသလို ဒီထက်ပြင်းထန်းတဲ့ စကားလုံးတွေနဲ့လည်း  ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ ဗီဒီယိုဖိုင်ဟာ ကြည့်ရှုသူ လေးသိန်းကျော်သွားခဲ့ပါပြီ။

 

အဲဒီဗီဒီယိုရိုက်ကူးနေစဉ် လွဲချော်မှု တစ်စုံတစ်ရာဖြစ်ခဲ့ရင်သူမအသက်ဆုံးရှုံးနိုင်တယ်ဆိုတဲ့အချက်ကို Follower တွေက ဝေဖန်ထောက်ပြကြတာဖြစ်ပါတယ်။

Source : Telegraph

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video