AD
AD
AD

အခြားအမျိုးသမီးတစ်ဦးနဲ့ဖောက်ပြန်နေခဲ့တဲ့ ခင်ပွန်းသည်တစ်ဦးကို ဇနီးသည်ဘက်က ဆွေမျိုးတစ်စု ဝင်ရောက်ရိုက်နှက်ခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

သူတို့နှစ်ဦးရှိတဲ့ အခန်းအတွင်းကို ဇနီးသည်ဦးဆောင်တဲ့ လူတစ်စု ရုတ်တရက်ဝင်ရောက်လာခဲ့တာကြောင့် အဆိုပါခင်ပွန်းဟာ အဝတ်အစားဝတ်ချိန်တောင်မရခဲ့ပါဘူး။ ဗီဒီယိုဖိုင်ထဲမှာ မြင်ရတဲ့မြင်ကွင်းအရ အမျိုးသားနဲ့ အတူရှိနေခဲ့တဲ့ အမျိုးသမီးဟာ ကုတင်ပေါ်မှာ ရှိနေခဲ့ပြီး အဆိုပါအမျိုးသမီးဟာ ရုတ်တရက် အမျိုးသားအင်္ကျီလို့ယူဆရတဲ့ တီရှပ်ကို အရှက်လုံအောင် ဝတ်ဆင်နိုင်ခဲ့ပါတယ်။  အဆိုပါဖြစ်ရပ်ဟာ တရုတ်နိုင်ငံအတွင်း ယမန်နှစ် ဧပြီလလောက်က ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ကာ လူမှုကွန်ယက် Weibo မှာ ကြည့်ရှုသူအ ကြိမ်အရေအတွက် သန်း ၄၀၀ ကျော်ခဲ့တယ်လို့ သိရပါတယ်။

play

 

ယခုတစ်ဖန် အသစ်ပြန်လည်ရေပန်းစားလာခဲ့တာဖြစ်ပြီး Youtube မှာ ဗီဒီယိုဖိုင် ပြန်လည်ဝေမျှထားတာဖြစ်ပါတယ်။ ဇနီးသည်နဲ့ပါလာတဲ့ လူစုထဲက အမျိုးသားသုံးဦးခန့်ဟာ အိမ်ထောင်သည်နဲ့ ငြိစွန်းတဲ့ အမျိုးသမီးထက် ခင်ပွန်းဖြစ်သူကိုသာ သည်းကြီးမဲကြီး တိုက်ခိုက်ခဲ့တာတွေ့ရပါတယ်။ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးနဲ့ အသက်အနည်းငယ်ကြီးတဲ့ အမျိုးသမီးကြီးကတော့ ထိုင်နေတဲ့အမျိုးသမီးငယ်ရဲ့ အင်္ကျီကို ဆွဲချွတ်ဖို့ ကြိုးစားခဲ့တာပါ။

 

အိမ်ထောင်သည်ခင်ပွန်းဟာ အောက်ခံဘောင်းဘီတောင် ဝတ်မထားခဲ့တာကြောင်း ခေါင်းအုံးနဲ့ အရှက်လုံရုံသာ ဖုံးထားရပြီး အခြားအမျိုးသားတွေရဲ့ တိုက်ခိုက်မှုကို ကာကွယ်နေခဲ့ရပါတယ်။ အဆိုပါအမျိုးသားနဲ့ ငြိစွန်းသူ အမျိုးသမီးတို့ဟာ သူတို့သူငယ်ချင်းတစ်ယောက်ရဲ့ တိုက်ခန်းအတွင်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

ှSource : Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD