မီယာမီ တက္ကသိုလ်က အသက် ၁၉ နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ ဈေးပေါတဲ့ဗော်ကာအရက်တွေ အလွန်အကျွံသောက်မိပြီးနောက် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သူမဟာ အိုဟိုင်းအိုးပြည်နယ်မှာရှိတဲ့ မီယာမီတက္ကသိုလ်မှာတက်ရောက်ခဲ့သူဖြစ်ပြီး ပါတီပွဲတစ်ခုမှာ အခုလိုအရက်အလွန်အကျွံသေက်ခဲ့မိတာဖြစ်ပါတယ်။ သူမသူငယ်ချင်းတွေရဲ့ အဆိုအရ အီရစ်ကာဘက်ရှစ်လို့ အမည်ရတဲ့ သူမဟာ ပါတီပွဲနေ့မှာ ရှန်ပိန်နှစ်လုံးသောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ဗော်ကာနဲ့ရေတွေရောထားတဲ့ အရက်တွေကိုထပ်မံ သောက်သုံးခဲ့တယ်လို့ ဆိုပါတယ်။

play

 

ကျောင်းပါတီပွဲ  ပြီးဆုံးပြီးတဲ့နောက်မှာသူဟာ နောက်ထပ်အိမ်တစ်လုံးမှာလုပ်တဲ့ပါတီပွဲကို ထပ်မံသွားရောက်ခဲ့ပြီး အဲဒီမှာလည်း ဗော်ကာတွေသောက်ခဲ့သေးတယ်လို့ သတင်းထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ သူမတို့ သူငယ်ချင်းတစ်စုဟာ အိမ်မှာလုပ်တဲ့ပါတီပွဲနဲ့ အားမရသေးပဲ အရက်ဘားဆိုင်ကိုထပ်မံသွားရောက်ခဲ့ကြပါသေးတယ်။ အီရစ်ကာဟာ အလွန်အကျွံမူးနေတာကြောင့် သူတို့သွားရောက်တဲ့ဘားဆိုင်ကတောင် အထဲဝင်ဖို့ လက်မခံခဲ့ဘူးလို့ သိရပါတယ်။

play

 

အဲဒီနောက် သူမဟာ တက္ကသိုလ်အဆောင်ရှိရာကိုပြန်သွားခဲ့ပြီးနောက်တစ်နေ့မှာ ခရစ္စမတ်အားလပ်ရက်အတွက်အိမ်ပြန်သွားခဲ့လို့ မှတ်တမ်းမှာ ပါရှိပါတယ်။ ဒါပေမယ့် နောက်တစ်ရက်မှာတော့ သူမကိုအိမ်အတွင်းမှာသေဆုံးလျှက်သားတွေ့ရှိခဲ့ရပြီး ရဲတပ်ဖွဲ့ဆေးစစ်ချက်အရ အရက်ကြောင့်နှလုံးထိခိုက်ပြီးသေဆုံးသွားတယ်လို့ သိရပါတယ်။

play

 

အီရစ်ကာသေဆုံးပြီးနောက်မီယာမီတက္ကသိုလ်ဟာ ကျောင်းသားတွေအရက်သောက်တဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ကြေညာချက်တစ်စောင်ထုတ်ခဲ့ရပါသေးတယ်။ အီရစ်ကာလို အသက်သေဆုံးတဲ့အထိ မဖြစ်ခဲ့ပေမယ့် အဆိုပါ ပါတီပွဲမှာ အရက်သောက်ခဲ့ကြတဲ့ ကျောင်းသား ၂၀ လောက်ဟာ နောက်တစ်ရက်မှာ ဆေးရုံတင်ခဲ့ရတယ်လို့ သိရပါတယ်။

သင်ကြိုက်နိုင်မည့် ဆောင်းပါး ရည်းစားမရှိသူတွေအတွက် သောကြာညနေမှာ ပြုလုပ်စရာ (၅) ခု

Source : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video