တရုတ်နိုင်ငံ ဒေါင်ဂွမ်းမြို့အတွင်း ဈေးလမ်းငယ်လေးတစ်ခုမှာ ဟင်းရွက်ရောင်းတဲ့ ကလေးငယ်လေးတစ်ဦးရှိပါတယ်။ ဒီကလေးငယ်ဘာကြောင့် ဟင်းသီးဟင်းရွက်တွေ နေ့စဉ်ရောင်းနေရတာလဲ သိရင် သင်အံ့သြသွားမှာ ဖြစ်ပါတယ်။

ဒေါင်ဂွမ်းမြို့ ထန်ရှားအရပ်မှာ နေထိုင်တဲ့ မော်မော်ဆိုသူ ကလေးငယ်လေးဟာ သူမလေးနှစ်အရွယ်ကတည်းက လမ်းဘေးမှာ ဟင်းသီးဟင်းရွက်တွေရောင်းချလာတာဖြစ်ပါတယ်။ အကြောင်းကတော့ သူမကိုထားခဲ့ပြီး အခုချိန်ထိ ပြန်လာမခေါ်နိုင်သေးတဲ့ အဖေနဲ့ အမေကို လိုက်ရှာဖို့ ဒါမှမဟုတ် အဖေနဲ့အမေ သူမကို လာခေါ်ဖို့ဖြစ်ပါတယ်။ မော်မော် တစ်လသားအရွယ်လောက်မှာပဲ မပြေလည်သူမိဘနှစ်ဦးက အိမ်နီးချင်းတွေထံ အပ်ပြီး ခရီးထွက်သွားပြီးနောက် ပြန်မရောက်လာနိုင်ခဲ့ပါဘူး။ ဒါကြောင့် သူမမှာ ဈေးရောင်းလို့ ပိုက်ဆံအနည်းငယ် ရှိလာတယ်ဆိုရင် မိဘတွေက ပြန်ခေါ်ထားနိုင်မယ်လို့ သူမယုံကြည်ခဲ့ပါတယ်။  မောမော်ဟာ အခုဆိုရင် ကိုးနှစ်တောင် ရှိနေခဲ့ပါပြီ။

play

 

သူမရဲ့ ဈေးဗန်းကလေးဘေးမှာလည်း အဖေနဲ့အမေ မြင်ခဲ့ရင်ဆိုတဲ့ မျှော်လင့်ချက်ကလေးနဲ့ ဆိုင်းဘုတ်ကလေးတစ်ခု ထောင်ထားပါသေးတယ်။ ဒါကိုတော့ သူမနဲ့နီးစပ်သူ လူကြီးသူမတစ်ချို့ လုပ်ပေးခဲ့ပုံ ရပါတယ်။ " သမီးအခု ကျန်းမာတဲ့ကလေးဖြစ်နေပါပြီ အဖေနဲ့အမေ။ သမီးကို အိမ်ပြန်ခေါ်လို့ရမလား" ဆိုတဲ့ စာသားတွေတွေလည်း အဆိုပါဆိုင်းဘုတ်မှာ ရေးထားပါသေးတယ်။

play

 

မော်မော်ကို ထားခဲ့ပြီးနောက်နေ့တွေမှာ မိဘနှစ်ပါးက အိမ်နီးချင်းတွေထံ ဖုန်းဆက်ကာ မကြာခင်လာခေါ်မယ်လို့ ကတိပေးခဲ့ပါတယ်။ နှစ်ရက်လောက် အကြာမှာ မော်မော်ရဲ့မိဘနှစ်ပါးရှိနေခဲ့ရာ စီချွမ်ပြည်နယ်မှာ ငလျင်အကြီးအကျယ်လှုပ်ပြီး လူများစွာ သေကြေပျက်စီး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့တာကို ကြုံခဲ့ရတာပါ။ အဲဒီနောက်ပိုင်းမော်မော်ရဲ့ မိဘနှစ်ပါးဟာ အခုချိန်ထိ ပြန်ဆက်သွယ်မလာနိုင်တော့သလို သတင်းလည်း မကြားရတော့ပါဘူး။

play
မော်မော်ကိုမွေးစားထားတဲ့ အဘွားအို

 

မော်မော်ကို အဆိုပါအရပ်က အဘွားအိုတစ်ဦးက မွေးစားထားပါတယ်။ မော်မော်ရဲ့ သတင်းကို အရာရှိအချို့က ကြားပြီးနောက် သူ့ရဲ့မိဘတွေပြန်ရှာတွေ့နိုင်ဖို့ အစွမ်းကုန်ကူညီမယ်လို့ ကတိပေးထားကြောင်း သိရပါတယ်။

 

Source : http://gbtimes.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video