AD
AD
AD

အရက်ဘယ်သူပိုသောက်နိုင်လဲဆိုတာ သူငယ်ချင်းတွေအကြား အပျော်တမ်းလောင်းကြေးထပ်ရာကတဆင့် တစ်ပုလင်းလုံး သောက်မိခဲ့တဲ့ အမျိုးသားတစ်ဦး သေဆုံးသွားပါတယ်။

play

 

ဒိုမီနီကန်နိုင်ငံ နိုက်ကလပ်တစ်ခုအတွင်း အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့တာပါ။ အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာဖေးမာအီယာဆိုသူ အမျိုးသားဟာ နိုက်ကလပ်မှာ သူငယ်ချင်းတွေနဲ့ အရက်ပြိုင်သောက်ခဲ့တာဖြစ်ပါတယ်။ သူငယ်ချင်းတွေက ဒါကိုပဲ ရုပ်သံမှတ်တမ်း ပြန်တင်ထားခဲ့တာပါ။ စိန်ခေါ်ပွဲမှာ ရာဖေးဟာ တက်ကီလာအရက်တစ်ပုလင်းလုံးကို တစ်ကြိမ်တည်းကုန်အောင် သောက်ပြခဲ့တဖြစ်ပါတယ်။ အဲဒီလိုလုပ်နိုင်ခဲ့တဲ့အတွက် ရာဖေးဟာ လောင်းကြေးငွေ အမေရိကန်ဒေါ်လာ ၆၃၀ ရရှိသွားခဲ့ပါတယ်။

play

 

ဒါပေမယ့် ပုလင်းထဲက တက်ကီလာအရက်တွေကို ကုန်အောင်သောက်ပြီး ရာဖေးတစ်ယောက် အောင်ပွဲခံနေစဉ် စက္ကန့်ပိုင်းအတွင်းမှာပဲ နိုက်ကလပ်ကြမ်းပြင်ပေါ်ကို လဲကျသွားခဲ့ပါတယ်။ သူ့ဘေးမှာရှိတဲ့ အမျိုးသားနှစ်ဦးက ဖေးမကူညီပြီးနောက် ရာဖေးကို ချက်ခြင်းဆေးရုံပို့ခဲ့တယ်လို့ သိရပါတယ်။

 

ဆေးရုံတာဝန်ရှိသူတွေကတော့ ရာဖေးဟာ ခန္ဓာကိုယ်အတွင်း အရက်ပမာဏအလွန်များကာ အဆိပ်သင့်ပြီးသေဆုံးသွားတာလို့ ထုတ်ပြန်ပါတယ်။ တစ်ကြိမ်တည်နဲ့ တက်ကီလာဘယ်လောက်များများသောက်နိုင်သလဲဆိုတာ လောင်းကြေးထပ်ကြရင်း အခုလို ဖြစ်သွားခဲ့တာပါ။ ရာဖေးသေဆုံးမှုဟာ သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်လို့ နိုက်ကလပ်ကို အဆိုပါဖြစ်ရပ်နဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့က အရေးယူမှု ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုပါတယ် ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD